နိဒါန်း - ၈

3.7K 376 1
                                        

Yeol's pov ;

ကားပေါ်က ဆင်းလိုက်တာနဲ့ တစ်လှမ်းနှစ်လှမ်း လျှောက်ပြီးတော့ နှာခေါင်းထဲဝင်လာတဲ့ အနံ့စူးစူးတွေကြောင့် မျက်စိတွေ ပိတ်ထားသော်ငြား ဖမ်းထားတဲ့ နေရာကို ရောက်လာပြီဆိုတာ သိလိုက်မိသည် ။

မျက်လုံးမှာ စီးထားတဲ့ ပိတ်စအမည်းကို တစ်ယောက်က ဆွဲချွတ်လိုက်တာကြောင့် မျက်လုံးစစဖွင့်ချင်းမှာတော့ အရာအားလုံးေ၀၀ါးဝါး ~

မျက်တောင်တွေကို အားယူကာ သုံးလေးချက်ခန့် ဆက်တိုက်ခတ်လိုက်တော့မှ အနည်းငယ် ကြည်လင်လာသည်။

ပတ်ဝန်းကျင်ကို သတိထားမိကာ အနည်းငယ်ဝေ့ကြည့်လိုက်တော့ ထိုင်ခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ စက်ဆုပ်ဖွယ် မဲ့ပြုံးတစ်ခုနဲ့အတူ လှောင်ရယ်ရိပ်သန်းနေသော မျက်နှာထားဖြင့် Red fire ခေါင်းဆောင် ~

"ဟက် မင်းရောက်လာပြီပဲ "

အသံကိုက မုန်းစရာ ..

"သူ ဘယ်မှာလဲ ? "

ကျွန်တော် မျက်နှာထားကို ခပ်တည်တည်ထားကာ မေးလိုက်တော့ ..

"ခေါ်လာခဲ့လိုက် "

အနောက်ဘက်မှာ ကပ်ကာ ရပ်နေသော တပည့်တစ်ယောက်ကို အမိန့်ပေးလိုက်တော့ ထိုလူက ခေါင်းတစ်ချက်ညိမ့်ကာ အဆောက်အဦး၏ အနောက်ဘက်သို့ ၀င်သွားလေ၏ ..

ခဏကြာတော့ သူ့တပည့်နှစ်ယောက်လက်ထဲ ပျော့ခွေစွာပါလာတဲ့ kyung soo ...
လမ်း မလျှောက်နိုင်တဲ့သူက ဘေးနားကလူနှစ်ယောက်ကို အကူအညီယူလို့ ~~

မျက်နှာတစ်မျက်နှာလုံးက ဖူးယောင်နေပြီး မျက်ခုံးစပ်မှ သွေးစက်အချို့ကလည်း အနည်းငယ်ပင် ခြောက်သွေ့နေပြီ ။

ဘယ်လောက်တောင်နှိပ်စက်ထားပါလိမ့် ..

"တောက် !! ခင်ဗျားတို့ သူ့ကို ဒီလောာက်လုပ်စရာအကြောင်းမရှိဘူး !! ရှင်းစရာရှိရင် ငါနဲ့ တိုက်ရိုက်ရှင်းပေါ့ .. မဆိုင်တဲ့လူကို ဆွဲထည့်စရာ အကြောင်းမရှိဘူး !! "

ဒေါသကြောင့် လည်ပင်းသွေးကြောတွေတောင် ထောင်တက်လာသလို ..
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မျက်တောင့်နီဖြင့် စိုက်ကြည့်ကာပြောလိုက်တော့ ခေါင်းဆောင်က ခနဲ့ပြုံး ပြုံးလိုက်တာကြောင့် တစ်ကိုယ်လုံးမှာရှိသမျှသွေးတွေ ဆူပွက်လာလေရဲ့ ..

The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //Donde viven las historias. Descúbrelo ahora