" yeol ရေ baek သွားပြီနော် "
အခန်းတံခါးရှေ့ မတ်တပ်ရပ်ကာ နှုတ်ဆက်နေတဲ့ baek ကို တစ်ချက်ပြုံးပြကာ အနမ်းပေးလိုက်တော့ အနည်းငယ် ရှက်ရွံ့သွားဟန်နဲ့ ဂုတ်ပိုးလေးကို ပွတ်ကာ အခန်းထဲမှ ထွက်သွားလေးတော့သည် ။
Baek ထွက်သွားတော့မှ အပြင်ထွက်မည့် အကြံအစည်အား အကောင်အထည်ဖော်ရန် စတင်လိုက်သည် ။
အဖွဲ့က လူတွေကို ဟိုတစ်နေ့က တွေ့လိုက်ရတာကြောင့် စိတ်မဖြောင့်နိုင် ..
သူ လှုပ်ရှားမှ ဖြစ်တော့မှာပါ ။
မဟုတ်ရင် ဟိုဘက်က သူ့အား ခြိမ်းခြောက်လာနိုင်သည်လေ ..။
ပေါ့ပေါ့ပါးပါး ဖြစ်မည့် အ၀တ်အစားများကို ၀တ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်တော့သည် ။
သူရဲ့ ခြေလှမ်းတွေ ဦးတည်ရာကတော့ .. အများသုံး ဖုန်းရုံဆီသို့ ..။
စက်ထဲ အကြွေစေ့ ထည့်ပြီးနောက် အလွတ်ရနေပြီဖြစ်သော ဖုန်းနံပါတ်လေးကို ခေါ်လိုက်တော့ ..
"ဟဲလို .. "
ဟိုဘက်က ပြန်ထူးသံကြောင့် yeol ကျေနပ်စွာပဲ တစ်ချက်ပြုံးလိုက်မိသည် ။
"ငါ Ren .. ဆုံနေကြနေရာမှာ တွေ့ကြတာပေါ့ .. DO yah ~ "
*-*-*-*-*
မှောင်မဲနေသော လျှို့ဝှက်အခန်းထဲ၌ ပတ်ပတ်လည်တွင် ထွန်းထားသော နီယွန်မီးရောင် အပြာနုနုလေး၏ အလင်းရောင် မှ လွဲ၍ အခြားအလင်းရောင် မရှိ ..။
အခန်း၏ ညာဘက်တစ်လျှောက်တွင်တော့ ထိုအဆောက်အဦးတစ်ခုလုံးကို ထိန်းချုပ်ထားသော စောင့်ကြည့် ကင်မရာ အလုံး ၂၀ ခန့် ..။
ထို့နောက် ဘယ်ဘက်တွင်တော့ လက်နက်စုံလင်စွာ ..
သေနတ်များ , အသံတိတ် ပစ္စတိုသေနတ်များ , ဓားမြောင် , ဓားပျံ စသည်ဖြင့် လူသတ်လက်နက်များ ..
ထိုအခန်း၏ အလယ်၌ ထိုင်ခုံ သုံးလေးခုံ ခန့် ရှိလေသည် ။
ထိုအခန်းထဲတွင် ထိုင်ကာ တပ်ဆင်ထားသော ကင်မရာများကို စောင့်ကြည့်နေသော လူရွယ်တစ်ဦး ။
BẠN ĐANG ĐỌC
The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //
Lãng mạnငါတို့ နှစ်ဦးရဲ့ အချစ်တွေ စတင်ခဲ့တဲ့အချိန်က အရာအားလုံးရဲ့ နိဒါန်းလို့ထင်ခဲ့ပေမယ့် ငါတို့မသိခဲ့တာက ဒါဟာ နိဂုံးတစ်ခုရဲ့ နိဒါန်း ❤❤Chanbaek yaoi Casts-other members of EXO
