ကျွန်တော် ..?
ကျွန်တော် နာမည် park chanyeol ..
ဒါပေမယ့် အဲဒီနာမည်ကို ဘယ်သူမှ မသိကြဘူး ..။
အားလုံး သိကြတာတော့ နာမည်ကြီး ကြေးစား လူသတ်သမား Ren ..
သိပ်တော်လွန်းတဲ့ ..
သိပ်လျင်လွန်းတဲ့ ..
လူသတ်တာ သိပ်တော်တဲ့ ..
Ren ..
ဒါပေမယ့် အဲဒီ အလုပ်ကို ကျွန်တော် ပျော်လွန်းလို့ လုပ်နေတယ်လို့တော့ မထင်ကြပါနဲ့ ..
ငယ်ငယ်လေးကတည်းက လမ်းဘေးမှာ နေခဲ့ရတဲ့ ကျွန်တော့်ကို သိုင်းပညာတွေ သင်ပေး လူသတ်တတ်အောင် နည်းလမ်းပြပေးခဲ့တဲ့လူက ကျွန်တော့် ဆရာ ..
ဆင်းရဲတဲ့ ဒဏ်ကို ငယ်ငယ်ကတည်းက ခါးစည်းခံခဲ့ရတဲ့ ကျွန်တော် ငွေကို သိပ်ကြိုက်တာ အမှားလို့တော့ မထင်ဘူး ။
လူသတ်တယ် ..
ငွေရှာတယ် ..
ပြီးရင် ကျွန်တော့်လို ဆင်းရဲနေတဲ့ ကလေးတွေ ..
မိဘမရှိ လမ်းဘေးမှာ လေလွင့်နေတဲ့ ကလေးတွေ ..
သူတို့လေးတွေအတွက် တတ်နိုင်သလောက် ထောက်ပံ့ပေးတယ် ။
လူသတ်ပြီး ကုသိုလ်ယူတယ်ပဲ ပြောပြော ကျွန်တော် အဲဒီကလေးတွေကို ထောက်ပံ့ပေးရတာ ပျော်တယ် ။
လူသတ်သမား တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် လူတိုင်း အထင်သေးပေမယ့် ရှူံ့ချပေမယ့် ..
အဲဒီကလေးတွေ အတွက်တော့ ကျွန်တော်က မီးအိမ်ရှင် ..
ကြောက်လန့်မှုတွေ စိတ်ညစ်စရာတွေ ကျွန်တော့်မှာ ရှိလာခဲ့ရင် သူတို့ရဲ့ အပြုံးက အားပေးဖော် ~
တွယ်တာစရာ မရှိခဲ့တဲ့ ဘ၀မှာ သူတို့လေးတွေက ကြိုးတစ်ချောင်း ~
စိတ်ပင်ပန်းရတဲ့ ရက်တွေ ..
ကိုယ့်သတ်ခဲ့တဲ့ လူတွေက ကိုယ့်ကို အိမ်မက်ထဲ အထိလာပြီး ခြောက်လှန့်လွန်းလို့ အိပ်မရခဲ့တဲ့ ရက်တွေ ..
သိပ်ကို များလာခဲ့တဲ့ အခါ ..
အားလုံးကို ရပ်တန့်ပစ်ချင်လာခဲ့တယ် ။
ВЫ ЧИТАЕТЕ
The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //
Любовные романыငါတို့ နှစ်ဦးရဲ့ အချစ်တွေ စတင်ခဲ့တဲ့အချိန်က အရာအားလုံးရဲ့ နိဒါန်းလို့ထင်ခဲ့ပေမယ့် ငါတို့မသိခဲ့တာက ဒါဟာ နိဂုံးတစ်ခုရဲ့ နိဒါန်း ❤❤Chanbaek yaoi Casts-other members of EXO
