နိဒါန်း - ၃

4.5K 483 5
                                    

ထွက်ပြေးနေတယ် ..
အဆုံးသတ်ကဘယ်မှာလဲ မသိပေမယ့် ..
ဘယ်အချိန်မှာ အရာအားလုံး ပြီးဆုံးသွားမလဲ မသိပေမယ့် ..

မောပန်းလွန်းလှပြီ ..
ရပ်တန့်ချင်ပြီ ..

မှောင်မဲနေတဲ့လမ်းထဲ ..
အလင်းရောင်မရှိ ..
ဖေးမပေးမယ့်လူမရှိ ..
တစ်ယောက်တည်း ..

မှားယွင်းနေတဲ့ လမ်းပေါ်လျှောက်နေပေမယ့် လမ်းမှန် ညွှန်ပြပေးမယ့်လူ ဘယ်သူမှမရှိ ..

ကိုယ့်ဘ၀ကိုလည်း စိတ်နာမိတယ် ..

အရမ်းကို နာကျင်နေပြီ ..
ဒဏ်ရာရနေတဲ့ ဗိုက်ကို ဖိထားသော်လည်း ပြေးလိုက်တိုင်း ဖိထားတဲ့ လက်တွေကြားက တစ်စိမ့်စိမ့်ကျလာတဲ့ သွေးတွေ ..

ဟင့်အင်း ဒီလိုမျိုး မကျရှူံးချင်ဘူး ..

ကျေးဇူးပြုပြီး ..တစ်ယောက်ယောက် .. လက်ကမ်းပေးပြီး ဆွဲခေါ်ပေးကြပါ ..

ဟင် ..

ကျွန်တော် တွေ့လိုက်တယ် ..
လက်တစ်စုံ ..
ကျွန်တော့်ကို ကမ်းလာတဲ့ လက်တစ်စုံ ..

သွားရမယ် ..
အဲဒီ လက်တစ်စုံဆီ ..

"ဒီမှာ ..ဒီမှာ သတိထားပါဦး "

အသံလေး တစ်သံ ..
ဒီအသံလေးနောက်လိုက်ရင်း ..မြင်လိုက်ရတဲ့ အလင်းရောင်လေး ..

ကျွန်တော့်ကို လမ်းပြပေးနိုင်တဲ့ လမ်းပြကြယ်လေး ..

"ဟေ့လူ ..သတိထားပါဦး "

လှုပ်နိုးနေတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်ဒီကြောက်မက်ဖွယ် အိမ်မက်ကနေ လွတ်မြောက်လာခဲ့တယ် ..
အသက်ရူတွေကတော့ မြန်နေတုန်း ..

"ခင်ဗျား အိမ်မက်ဆိုးတွေ မက်နေတာ ထင်တယ် .."

ကျွန်တော့်ကို စိတ်ပူပေးနေတယ် ..ဒါ ပထမဆုံး တစ်ယောက်ယောက်က စိတ်ပူပေးတာ ..

"အင်း ..ဟုတ်တယ် "

"ရေလေးသောက်လိုက်ပါဦး "

ကျွန်တော်လည်း သူပေးတဲ့ ရေခွက်လေးကို ကိုင်ပြီး မောပန်းနေတဲ့ နှလုံးသားလေး ငြိမ်သက်သွားအောင် သောက်လိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် "

"ဘာကိုလဲ ?? "

"အရာအားလုံးအတွက်ပါ ..ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့အတွက် ..ကူညီခဲ့တဲ့အတွက် ..စောင့်ရှောက်ပေးခဲ့တဲ့အတွက် "

The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //Donde viven las historias. Descúbrelo ahora