Baek 's pov;
ဗိုက်ကလည်း ဆာနေပြီ ..ဘာမှလည်းမရှိတာမို့ mart သွားဖို့ အိမ်ထဲကအထွက် ..မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော်အလန့်အကြားအော်လိုက်မိသည်။
အားးးးးးးးးးးးးးးးးး
မြင်လိုက်ရတာက အိမ်ရှေ့မှာ လဲကျနေတဲ့ လူတစ်ယောက် ..
ဗိုက်မှာလည်း သွေးတွေထွက်နေပြီး ..
ပုံစံကလည်း မနည်းအသက်ရူနေရသလို ..
နာကျင်နေလို့ထင်ရဲ့ ဗိုက်ကို ဖိထားရင်း ချောမောလှတဲ့ သူရဲ့ မျက်နှာက ရှုံမဲ့နေတယ် ..
ကြောက်နေပေမယ့် ကျွန်တော်အားတင်းပြီး ထိုလူအနားကိုသွားလိုက်တယ် ..
"ဒီမှာ ..သတိထားပါဦး "
သတိတော့မလစ်သေး ..ကျွန်တော်ကို မျက်လုံးဖွင့်ကြည့်တယ်လေ ..
"ဟို ကျွန်တော်ဆေးရုံတင်ကားခေါ်လိုက်မယ်နော် "
ပြောရင်း ဖုန်းထုတ်ပြီး ကျွန်တော်ဆက်ဖို့ပြင်တော့ ကျွန်တော်လက်ကို လာကိုင်တဲ့ အေးစက်တဲ့ သူ့လက်လေး ..
"မ ..မခေါ် ..မခေါ်ပါနဲ့ "
ကျွန်တော်ကို တားလေရဲ့ ..
"ဟို ..မဖြစ်ဘူးလေ ဒဏ်ရာက များတဲ့ပုံပဲ ..သွေးထွက်လွန်သွားရင် ဘယ်လိုလုပ်မလဲ "
ကျွန်တော် တစ်ကယ်စိုးရိမ်နေမိပါပြီ ..
"ကျေး ..ကျေးဇူးပြုပြီး ..မခေါ်ပါနဲ့ "
ကျစ် ..ဘယ်လိုလုပ်ရပါ့ ..ပုံစံက ဓားထိုးခံရတဲ့ ပုံစံဆိုတော့ .. ဟူးး ဆေးရုံခေါ်သွားရင်လည်း စစ်လားဆေးလား လုပ်နေဦးမယ် ..ဇယားတွေက ရူပ်လာဦးမယ် ..
ကိုယ်ကရဲဆိုတော့ အိမ်မှာ အရေးပေါ် ဆေးကုစရာတွေက အဆင်သင့်ရှိနေတာမို့ ..ကိုယ်ပဲ တတ်သလောက်နဲ့ ကုပေးဖို့ ဆုံးဖြတ်လိုက်တယ် ..
"ကဲ လာဗျာ ကျွန်တော်တွဲမယ် ..အိမ်ထဲဝင်ကြစို့ "
ကျွန်တော်လည်းပြောရင်း သူ့ကိုကြိုးစားပြီး ထူလိုက်တယ် ..အရပ်ရှည်တာကြောင့် အနည်းငယ် ခက်ခဲတာတော့ အမှန် ..သူ့ကို ဘေးကနေတွဲပြီး သူ့ခါးကို ကိုင်ရင်း ထိန်းပြီး ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်တယ် ..
KAMU SEDANG MEMBACA
The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //
Romansaငါတို့ နှစ်ဦးရဲ့ အချစ်တွေ စတင်ခဲ့တဲ့အချိန်က အရာအားလုံးရဲ့ နိဒါန်းလို့ထင်ခဲ့ပေမယ့် ငါတို့မသိခဲ့တာက ဒါဟာ နိဂုံးတစ်ခုရဲ့ နိဒါန်း ❤❤Chanbaek yaoi Casts-other members of EXO
