နိဒါန်း - ၎

4.1K 444 4
                                    

Baek 's pov ;

"ငါ ထွက်သွားတော့မယ် "

မထင်ထားခဲ့ဘူး !!
ဒီစကားကို လွယ်လွယ်ကူကူပဲ ပြောလိမ့်မယ်လို့ ..

သိပြီးသားပါ ..။
တစ်နေ့နေ့တော့ သူ ထွက်သွားမယ်ဆိုတာ ..
ဆွဲထားခွင့် မရှိတဲ့လူဆိုတာ ..

ပုံမှန် ရှူရှိုက်နေတဲ့ အောက်စီဂျင်တွေက အဝေးတစ်နေရာကို လွင့်ထွက်သွားသလို~
တစ်ယောက်ယောက်က နှလုံးသား အတွင်းဘက်ကို ဆူးချွန်တွေနဲ့ ထိုးနေတဲ့အလား ~

မဆိုင်တဲ့လူတွေပဲ မဟုတ်လား ??

ဒဏ်ရာနေတဲ့ ငှက်လေးတစ်ကောင်ဟာ သူဒဏ်ရာရနေတဲ့ အချိန် ဘယ်မှထွက်သွားမှာ မဟုတ်ပေမယ့် အားလုံးပျောက်ကင်းသွားတဲ့ တစ်နေ့တော့ အတောင်တွေကို လှပစွာ ဖြန့်ကျက်ရင်း ပျံသန်းသွားမှာ မဟုတ်လား ??

ဒါပေမယ့် သူ့အတောင်တွေကို ချိုးရလောက်တဲ့ အထိတော့ ကျွန်တော် အတ္တမကြီးချင်ပါဘူး ။

ထွက်သွားပါတော့ Chanyeol ..!!

မင်း ဘယ်သူလဲ အခုထိငါမသိခဲ့ဘူး ..

ဘာကြောင့် ဒဏ်ရာရလဲ ငါမသိဘူး ..

ရဲတစ်ယောက်အနေနဲ့ လူတစ်ယောက်အကြောင်း စုံစမ်းဖို့ဆိုတာ သိပ်ကိုလွယ်ကူပါတယ် ။

ဒါပေမယ့်လည်း ကျွန်တော် သူ့ပါးစပ်က ပြောပြလာတာကိုပဲ လိုလားတာ ..။

သူတောင် မပြောပြချင်တဲ့ အကြောင်းအရာတစ်ခုကို နောက်ကွယ်ကနေ မသိအောင်စုံစမ်းပြီး ရလာတဲ့ အချက်အလက်တွေကို ကျွန်တော် မလိုချင်ဘူး ..။

"အင်း သွားပါ "

မသိခဲ့ဘူး ..

စကားလေး သုံးလုံးလောက်ကို ပြောနိုင်ဖို့ နှလုံးသားတွေ ဆွဲဆုတ်ထားသလို နာကျင်ရလိမ့်မယ်ဆိုတာ ~

တောင်းပန်ပါတယ် chanyeol yah ~

ကျွန်တော့်စကားအဆုံး လှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းမှာ နာကျင်မှု အချို့ ပါနေသယောင် ~

ငါ ထင်မိတာပဲ နေမှာပါလေ ..

မင်းမှာ ငါနဲ့ ထပ်တူညီတဲ့ ခံစားချက် နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ရှိမယ်ဆိုရင်တောင် .. သွားမယ်ဆိုတဲ့စကားကို .. မပြောနိုင်လောက်ဘူး ..။

The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //Donde viven las historias. Descúbrelo ahora