ဆိုဖာပေါ်မှာ ဘေးချင်းကပ်ထိုင်ရင်း အတွေးကိုယ်စီ ပြန့်လွင့်နေကြသော လူနှစ်ယောက် ..
Park chanyeol နဲ့ byun baekhyun ..
ကိုယ်စီ စကားတွေပြောချင်နေပေမယ့် ပြောစရာစကားတွေက လည်ပင်းမှာသာ တစ်နေပြီး ထွက်မလာနိုင်သလို ..
တိတ်ဆိတ်နေတဲ့ ဒီအခြေအနေကို စတင် ပြောင်းလဲလိုက်သူကတော့ byun baekhyun ..
"မသွား .. တော့ဘူး ..မဟုတ်လား ? "
ထစ်ထစ်အအနဲ့ ထွက်လာတဲ့ စကားသံလေး ..
Yeol လှည့်ကြည့်လိုက်တော့ baek ကခေါင်းငုံ့လျက်သား ..
ရှက်နေတယ်ထင်ပါ့ .. လက်ညှိုးလေးနှစ်ချောင်းကို စက်ဝိုင်းပုံစံလေး လှည့်ကာ ဆော့ကစားနေသည် ။
"အင်း "
မော့ကြည့်လိုက်တဲ့ baek ရဲ့ မျက်ဝန်းမှေးလေးထဲ ကြည်နူးတဲ့ အငွေ့အသက်လေး ပျံလွင့်နေသယောင် ..
နှုတ်ခမ်းလေးကို မဖွင့်ဘဲ ပြုံးလိုက်တဲ့ အပြုံးလေးကလည်း အသက်ဝင်စွာ ~
Yeol ပြန်ပြုံးပြလိုက်တော့ ပါးလေးနှစ်ဖက်က ပန်းသွေးရောင်လေးထလာကာ ခေါင်းကို ငုံ့ထားလေသည် ။
"ဗိုက်ဆာတယ် "
Yeol ဗိုက်ကိုပွတ်ကာ မျက်မှောင်လေး ကြုတ်ရင်းပြောလိုက်တော့ ..
"ဘာစားမလဲ ? "
ဆိုဖာပေါ်က ထကာ ရယ်ရင်း မေးလိုက်တဲ့ baek ..
"အင်းးးးးး "
ခဏတာ စဉ်းစားဟန် ပြုပြီးနောက် ..
"ဂင်ချီ ထမင်းကြော် !! "
"ok .. သုံးမိနစ်ပဲစောင့် "
လက်သုံးထောင်ပြီး ချစ်စဖွယ်ပြောနေတဲ့ baek ကြောင့် yeol အားပါးတရ ရယ်တော့သည်။
Baek မီးဖိုချောင်ထဲ ထွက်သွားတော့ yeol မျက်နှာမှာ ချက်ချင်း မှိင်သွားပြီး ..
*baek ရယ် ကိုယ်လုပ်နေတာ မှန်ရဲ့လားတောင် မသိတော့ဘူး baek ကို တစ်ခုခု ထိခိုက်လာစေမယ်ဆိုရင် ကိုယ် ဘယ်လိုလုပ်ရမလဲကွာ *
"ဟူးးးးးး "
Yeol သက်ပြင်း တစ်ချက်ချကာ ဆိုဖာပေါ် မှီရင်း မျက်ဝန်းများကို မှိတ်ထားလိုက်မိသည်။
![](https://img.wattpad.com/cover/68118926-288-k373295.jpg)
BẠN ĐANG ĐỌC
The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //
Lãng mạnငါတို့ နှစ်ဦးရဲ့ အချစ်တွေ စတင်ခဲ့တဲ့အချိန်က အရာအားလုံးရဲ့ နိဒါန်းလို့ထင်ခဲ့ပေမယ့် ငါတို့မသိခဲ့တာက ဒါဟာ နိဂုံးတစ်ခုရဲ့ နိဒါန်း ❤❤Chanbaek yaoi Casts-other members of EXO