Ep4.Together

1K 97 7
                                    


Boy-ကျွန်​​တော့်​​နာမည်​ TaeYeon ပါ..
Kim TaeYeon....

နာမည်​​လေးက လူ​လေးအတိုင်းပဲ ချစ်​စရာ​လေး

တွေးချင်​တာ​တွေ ​လျောက်​​တွေး​နေမိပြန်​ပါပြီ...

Fany-ဟုတ်​ကဲ့...
ကျွန်​မနာမည်​ Tiffany ပါ....
Tiffany Hwang...

သူ့ ​လေ သံ အတိုင်းလိုက်​​ပြောလိုက်​တာ​လေ...

ရှေ့သွား​နောက်​လိုက်​ညီတာ​ပေါ့.....

ကိုယ့်​ ဘာသာ ​တွေးချင်​တာ ​တွေးမိပြီး ရှက်​လိုက်​ထှာ..

Tiffany Hwang စိတ်​ထိန်းစမ်း...

Tae-Tiffany Hwang တဲ့လား?

သူ့ အသံကြားမှ သတိပြန်​ဝင်​လာသည်

သူ့ နှုတ်​ခမ်း က ကျလာတဲ့ ငါ့နာမည်​က ပို နား​ထောင်​လို့ ​ကောင်းသလိုပဲ.....

အမယ်​​လေး.. ရူး​တော့မှာပဲ...

မိန်းက​လေး ဖြစ်​ပြီး ​နင်​ဘာဖြစ်​ ​နေရတာလဲ?

Tae-Tiffany...

Fany-Nae?

Tae-အဲ့​နေ့က ဘာလို့ ငို​နေရတာလဲ?

သူ ငါ့ကို ဂရုစိုက်​​နေတာလား?

Fany-ဒီအတိုင်းပဲ...
အိမ်​နဲ့ နည်းနည်း အဆင်​မ​ပြေလို့ပါ...

သူ Coffee ကို တစ်​ငုံ​ သောက်​လိုက်​သည်

ခေါင်းကိုပာ ငုံ့ ထားလိုက်မိသည်

သူ့ကို ကြည့်​​နေမယ့်​ TaeYeon ဆိုတဲ့ ​ကောင်​​လေးရဲ့ အကြည့်​​တွေကို ရင်​မဆို ရဲလို့ပါ...

Tae-​နောက်​တစ်​ခါ မငိုပါနဲ့..
Fany ငိုတာ မကြိုက်​ဖူး...

Fany တဲ့..

နှုတ်​ကလည်း ရဲ လိုက်​တာ...

သူ့ကို​တောင်​ ​ခေါ်ချင်​သလို ​ခေါ်​နေပြီ...

Fany-ဟုတ်​ကဲ့...

သူ ဘာပြန်​​ပြောရမှန်းမသိ ၍ ဟုတ်​ကဲ့ ဟုပင်​ ​ဖြေလိုက်​မိသည်​..

ပြီး​တော့ ​နွေး​နွေး​လေးသာ ရှိ​တော့တဲ့ Coffee ကို ဦးတည်​ချက်​မရှိပဲ မှုတ်​​နေမိသည်​..

Tae-ခု​ကော စိတ်​ဆင်းရဲ​သေးလား?

Fany-ဟင့်​အင်း...
မေ့သ​လောက်​ရှိသွားပါပြီ...

Love Story In This HospitalWhere stories live. Discover now