သူ တို့ နှစ်ယောက် အတွေးကိုယ်စီ နဲ့ ငြိမ်သက်နေသည်Tae တွေးနေတာ တော့ ဘာမှန်း မသိပေမယ့် သူတွေးနေတာကတော့ Tae ရဲ့ အကြောင်းပါ..
ထူးခြားမှု တစ်ခုခု ရှိနေတာ သူ သိပေမယ့် ဘာမှကို မှန်းဆ လို့ မရ..
Tae-Tiffany ဆိုတာ မွေးကတည်းက နာမည် လား?
သူ ရုတ်တရက်မို့ ကြောင်သွားသည်
Fany-ရှင်?
Tae-သြော်...ဘာမှ မဟုတ်ပါဘူး..
တခြား နာမည်တွေများ ရှိသေးလားလို့ပါ..Fany-မရှိပါဘူး...
မွေးကတည်းက Daddy နဲ့ Mommy က Tiffany လို့ မှည့်ပေးခဲ့တာ..Tae-Fany ရဲ့ မိဘတွေ အမျိုးတွေ ထဲမှာ အရှေ့တိုင်းသားတွေ ရှိလား?
ကြုံနေကြမေးခွန်းမို့ သူ ပြုံးလိုက်မိသည်..
သူ့ကို ကြည့်နေတာ နေမှာပေါ့..
သူပြုံးတာကို မြင်သွားတယ်လေ..Tae-Wae?
ဘာလို့ ပြုံးတာလဲ?Fany-ပြောရရင် တော့ ထူးဆန်းတယ်ပဲ ထင်မှာ..
Fany အမျိုးတွေအကုန်လုံး အနောက်တိုင်းသား တွေချည်း ပဲ..
Fany တစ်ယောက်တည်း ဘာဖြစ်လို့ ဒီလို ဖြစ်နေမှန်းမသိဘူး...
Fany ကို မွေးတုန်းက ပြသနာ တွေတောင် တက်သေးတယ်..
မိဘတွေ နှစ်ဖက်လုံး က အနောက်တိုင်း သားတွေ ဖြစ်ပြီး Fany တစ်ယောက်တည်း ဆံပင် အနက် မျက်လုံးအနက်နဲ့ အသားအရေကအစ အရှေ့တိုင်းသားလို ဖြစ်နေတာ...Tae က ဘာမှ မပြော ပဲ လူကြီးStyle နဲ့ ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်..
Fany-အတိအကျ ပြောရ ရင် ကိုးရီယားသူ လိုပေါ့..
Tae-အကြောင်းရှိလို့ပါ..
Tae အသံက လေးနက်နေသလိုလို..
Fany-Nae...
ဘာပြန်ပြောရမှန်းမသိသဖြင့် ငြိမ်နေလိုက်မိသည်...
Tae ပြောတာ ဘာ အဓိပ္ပါယ် ပါလိမ့်?
လေအေးတစ်ချက် ဝှေ့တိုက်လိုက်မှ သူ စိတ်နဲ့ လူ ပြန်ကပ်သွားသည်
YOU ARE READING
Love Story In This Hospital
Fanfictionသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..