Ep3.Closer

1K 100 2
                                    


'ဒုန်း... ဒုန်း... ဒုန်း'

'Fany Unnie...
Fany Unnie..
Tiffany'

ဒုန်း ဒုန်း..

သူ့ နာမည်​ ကို ​အော်​သံနှင့်​ အတူ တံခါးကို အားပြင်းပြင်းနှင့်​ ထု​သော အသံကို ကြားလိုက်​ရသည်..

Fany-*ဘာ ဖြစ်​တာလဲ?*

သူ လန့်ပြီး နိုးလာ​​လေသည်​...

ချက်​ချင်း ထ ထိုင်​လိုက်​မိသည်​..

မျက်​လုံးက ​တော့ မပွင့်​​သေး...
မဖွင့်​နိုင်​​သေး ဆိုလျှင်​ ပိုမှန်​ပါလိမ့်​မည်​..

Fany-ဘယ်​သူလဲ?

Seo-သမီး Seo Hyun ပါ..
အ​ရေး​ပေါ် အစည်းအ​ဝေး ရှိတယ်​ Unnie..
အဲ့ထဲက မြန်​မြန်​ ထွက်​ခဲ့...

Fany-ဟမ်​?

အခုမှ သူ စိတ်​နဲ့ လူနဲ့ ကပ်​သွား​လေသည်​..

Fany-​​အေး..လာပြီ..လာပြီ..

သူ ချက်​ချင်း ထ ​ပြေးရ​လေေ​တာ့သည်​..

-------------×××--------------×××---------------

SiWon-​နေပါအုံး..အဲ့ လူနာက ဘာလို့ ည ကြီး အပြင်​ ထွက်​ ရတာတုန်း?

DonHae-ငါ ဘယ်​သိမလဲ?သူ့သွား​မေး​လေ..

SiWon-​သေသွားပြီမို့လို့​ပေါ့..
နို့မို့ ငါ သွား​မေးပြီးပြီ...

MinHo-သူ့ ရည်းစား နဲ့ ထွက်​​တွေ့တာ​ကော မဖြစ်​နိုင်​ဘူးလား?

အစည်းအ​ဝေး ခန်းထဲက ကိစ္စ က နား​နေခန်းထဲထိ ပါလာခြင်းဖြစ်​သည်​..

ညက ခွဲစိပ်​ပြီး ချုပ်​ရိုး​ဖြည်​ဖို့ ​ဆေးရုံက မဆင်း​သေးတဲ့ လူနာက အပြင်​ကို လမ်းထ​လျှောက်​သတဲ့..

ဆေးရုံ ထဲ အ​ရေးတကြီး ဝင်လာ​​​သော ကားက အရှိန်​မထိန်းနိုင်​ဘဲ သူ့ကို ဝင်​တိုက်​မိသတဲ့..

အဲ့မှာ ပြသနာ က စ ​လေသည်​...

BOA-သနားပါတယ်​...
ကောင်​​လေးက ငယ်​ငယ်​ ​ချော​ချော​​လေး​..

Soo-သူ တစ်​​​ယောက်​တည်း လာတက်​တာဆို​တော့ ဘယ်​သူ့ကို ဆက်​သွယ်​ရမှန်​မသိ..

Seo-အိမ်​ လိပ်​စာလည်း စုံစမ်း လို့ မရ ဘူးဆို​တော့...

SeoHyun က လူကြီးတစ်​​ယောက်​လို သက်​ပြင်းအရှည်​ကြီး ချလိုက်​​လေသည်

Love Story In This HospitalWhere stories live. Discover now