Tae-Fany ya!
ငါ ပြန်ရတော့မယ် ထင်တယ်...မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ Tae ကို ကြည့်ပြီး ကျွန်မ သနားလိုက်တာ...
ပြီးမှ...
Fany-ဟား ဟား ဟား...
Tae-??????
ကျွန်မ ရီနေတာကို အူကြောင်ကြောင် ရုပ်နဲ့ ပြန်ကြည့်နေတဲ့ သူ့မျက်နှာ က အပြစ်ကင်းနေတယ်..
Tae-ဘာဖြစ်တာလဲ?
Fany-Tae ကလည်း ဆေးရုံ ဆိုတာ နေမကောင်းတဲ့ လူတွေ နေတဲ့ နေရာလေ...
Tae က ပြန်ရတော့မယ် ဆိုတော့ ကောင်းတာပေါ့.
Tae နေကောင်း သွားတဲ့ သဘောပေါ့...
မဟုတ်ဖူးလား?ကျွန်မ ဒီလောက် ဝမ်းသာအောင် ပြောနေတာတောင် သူ့မျက်နှာမှာ ဝမ်းသာတဲ့ ပုံမပေါ်ဘူး..
ဘာများဖြစ်လို့ပါလိမ့်?
Tae-အဲ့ လိုမဟုတ်ဖူး Fany ya...
Fany-Wae?
Tae က နေမကောင်းသေးဘူးလား?ကျွန်မပါ အူကြောင်ကြောင် ဖြစ်နေပြီ ထင်ပါရဲ့
ပြီးမှ တစ်ခု သတိရသွားတယ်လေ..
Fany-သြော်~~
Tae က Fany ကို ခွဲသွားရမှမို့ မပျော်တာလား?သူကတော့ ကျွန်မမျက်နှာကိုပဲ ငေးကြည့်နေတယ်..
Fany-Tae ကလည်း ကလေးလည်း မဟုတ်ပဲနဲ့..
Fany က ဒီမှာ အမြဲ ရှိမှာလေ...
တွေ့ချင်ရင် အချိန်မရွေး လာတွေ့လို့ ရပါတယ်...Tae-အဲ့လို မဟုတ်ဖူး Fany ya..
ကျွန်မ ပြောတာ ဘာမှားနေလို့လဲ?
သူက ကျွန်မဘာပြောပြော မဟုတ်ဖူး ချည်းပြောနေတာ...
အာ....သိပြီ!
Fany-Tae တို့အိမ်က ဒီနဲ့ ဝေးလို့လား?
ဒါမှ မဟုတ် Tae ကို အပြင်မထွက်ခိုင်းလို့လား?သူ တွေးတွေးဆဆလေး ဖြစ်သွားတယ်..
ခဏ ငြိမ်သွားပြီးမှ သူ့ဆီက အသံထွက် လာတယ်
Tae-အဲ့...အဲ့လို ပြောလို့ရပါတယ်...
သူရုပ်က အခုထိ မရွှင်မပြနဲ့
YOU ARE READING
Love Story In This Hospital
Fanficသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..