ထူးထူးဆန်းဆန်း အကြောင်းအရာ တွေ အများကြီး ဖြစ်နေတာတောင်မှ...
ကျွန်မ Tae ဆီကို နေ့တိုင်း နီးပါး သွားတယ်လေ..
သူနဲ့ တွေ့ရတာပျော်တယ်...
သူနဲ့ စကားတွေ ပြောနေရရင် ပင်ပန်းတာတွေကော စိတ်ညစ်စရာ တွေပါ ပျောက်သွားသလိုပဲ...
ပြောရမယ်ဆိုရင် ကျွန်မက ပြောတာ များပါတယ်..
သူက နားထောင်သူ သက်သက်ပါ....
ကျွန်မပြောသမျှကို ပြုံးပြုံးလေးနဲ့ နားထောင်ပေးတယ်....
ကျွန်မ ဒေါသတွေ ပေါက်ကွဲ ရင်လည်း သူက ကျွန်မကို နားချတယ်...
အဓိကအကြောင်းကတော့ သူနဲ့ တွေ့ချင်လို့ပါ..
အားတိုင်း သူ့ဆီကို သွားမိနေတဲ့ ကိုယ့်ကိုယ်ကို လည်း တွေးလို့ကိုမရဘူး...
သူ့ဆီမှာ ဆွဲဆောင်မှု တစ်ခုခု ရှိနေလို့ နေမှာပေါ့....
-----------×××-------------×××---------------
ဒီနေ့ သူ့ကို မတွေ့ဘူး...
ကျွန်မ လည်း ဒီနေ့ ပင်ပန်းလို့ စကား ပြောဖို့ အားတောင် မရှိတော့ဘူးထင်ပါရဲ့...
သူ့ကို စောင့်ရင်း ခဏ လှဲလိုက်တာ ချက်ချင်း အိပ်ပျော် သွားတယ် ထင်တာပဲလေ...
မ အိပ်ခင် သူ့ အကြောင်းတွေးနေမိတာတော့ သေချာပါတယ်
--------------×××--------------×××--------------
တစ်ယောက်ယောက်က ကျွန်မနာမည် ခေါ်နေသံကြောင့် ကျွန်မ လန့်နိုးလာတယ်...
Fany-Tae?
ဟုတ်ပါတယ်
ကျွန်မကို ပြုံးပြီး ကြည့်နေတာ သူ ပါ...
Fany-Sorry!
Tae ကို မတွေ့လို့ ခဏ အိပ်ပျော်သွားတာ..
ဘယ်သွားနေတာလဲ?သူ့ကို မေးရင်း လှဲနေရာက ထ ထိုင်လိုက်တယ်...
ဒါမှ သူ့မျက်နှာကို သေချာ မြင်ရမှာလေ...
YOU ARE READING
Love Story In This Hospital
Hayran Kurguသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..