ကျွန်မ ကျွန်မရှေ့က အဖိုးကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေမိတယ်...
Fany-ကျွန်မကို သိလို့လားဟင်?
အဖိုးက သူ့ရဲ့ ဝေရီ နေတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို သေချာ ကြည့်ပြီး....
အဖိုး-Seoul ခွဲစိတ်အထူးကုက Doc Hwang မလား?
Fany-ဟုတ်....ဟုတ်ပါတယ်
<<ဧည့်သည် ရောက်နေတာပဲ...>>
အသံနဲ့ အတူ အိမ်ထဲက က ကောင်မလေး တစ်ယောက်ထွက်လာတယ်...
လက်ထဲမှာလည်း ရေခွက်လေးနဲ့...
ကျွန်မဘက်ကို တစ်ချက်လှည့်ပြုံးပြတယ်..
Girl-ကျွန်မနာမည် Lee SunKyu ပါ..
Fany-ဟုတ်...
တွေ့ရတာဝမ်းသာပါတယ်...SunKyu- ခဏလေးနော်...
ကျွန်မ အဖိုးကို ဆေးတိုက်လိုက်အုံးမယ်....
ပြီးမှ ဧည့်ခံ ပါ့မယ်..Lee SunKyu ဆိုတော့ Doc Lee နဲ့ အမျိုးတော်မှာ သေချာပါတယ်...
ပြီးတော့ သူက ပျော်တတ်ပုံပဲ...
ရယ်ရယ်မောမောနဲ့ သူ့ အဖိုးကို ဆေးတိုက်နေတာကို ကျွန်မသေချာ ရပ်ကြည့်နေမိတယ်...
SunKyu-ပြီးပြီ...
လာ အိမ်ထဲ သွားရအောင်..Fany-အဖိုးကို မခေါ်ဘူးလား?
SunKyu-ရတယ်...
အဖိုးက ဒီမှာ ထိုင်ရတာကို သဘောကျတယ်...
သူ့အတွေးနဲ့ သူလေ...Fany-ဟုတ်ကဲ့..
ကျွန်မ သူ့နောက်ကို လိုက်သွားလိုက်တယ်..
ကတ်ထူပုံး ကြီး သယ်ပြီး...
အိမ် လေးက အတွင်းပိုင်းမှာလည်း သပ်သပ်ရပ်ရပ် လေးပါပဲ...
ဧည့်ခန်းထဲမှာလည်း ပုံတွေ အများကြီး ချိတ်ထားတယ်...
SunKyu-ထိုင်ပါအုံး...
နာမည်တောက်မမေးရသေးဘူး ...Fany-ဟုတ်..
ကျွန်မ နာမည် Tiffany Hwang ပါ..
Seoul ခွဲစိတ်အထူးကုဆေးရုံ ကြီးကပါ..
နယ်လှည့် ဆေးကု အဖွဲ့ နဲ့ ပါလာတာ..
ဆေးရုံအုပ်ကြီးက ဒီဟာ လေး လူကြုံပါး လိုက်လို့..
YOU ARE READING
Love Story In This Hospital
Fanfictionသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..