Tae နဲ့ ကျွန်မ လက်ချင်းတွဲပြီး လမ်းလျှောက်နေတယ်..ဘေးမှာတော့ ပန်းရောင်စုံတွေ ပွင့်နေတာပေါ့...
သူ့ လက် နွေးနွေးလေးကို ကိုင်ပြီး သူနဲ့ အတူတူ လမ်းလျှောက် ရတာ ကြည်နူးဖို့ သိပ်ကောင်းတာပဲ..
ခဏကြာတော့ သူ က ကျွန်မ လက်ကို လွှတ်ပြီး သစ်ပင်ကြီး တွေကြား ပြေးဝင်သွားတယ်..
ကလေးဆန်လိုက်တာ......
သူ ကျွန်မကို ပုန်းနေတာလေ...
ဒါပေမယ့် သူ့ကို ရှာမတွေ့ဘူး....
ရှာနေတာ တော်တော် ကြာနေပြီ...
ကြာလာလေလေ ကျွန်မ စိတ်ပူလေလေပဲ....
>TaeYeon....Kim TaeYeon<
ကျွန်မ အော်သံက တိတ်ဆိတ် နေတဲ့ တောထဲမှာ ပဲ့တင်ထပ်သွားတယ်......
အကြာကြီးနေမှ...
<Mi Young!>
ကျွန်မ နာမည်တော့မဟုတ်ဖူး..
ကျွန်မကို ခေါ်တာလည်း မဟုတ်ဖူး...
ဒါပေမယ့် သူ့ အသံလေ...
အသံကြားတဲ့ ဘက် ကျွန်မ လှည့်ကြည့် လိုက်တော့..
ခပ်ထွားထွား လူကြီးတွေ တစ်ဖက်တစ်ချက်ကနေ ချုပ်ထားတဲ့ သူ့ကို တွေ့လိုက်ရတယ်..
ကျွန်မ စိတ်ပူသွားတယ်...
သူ့ကို ချုပ်ထားတဲ့ သူ တွေက လူနဲ့တောင်မတူဘူး...
ကြင်နာတရား မရှိမယ့် ရုပ်တွေ...
ကျွန်မကြည့်နေရင်းနဲ့ပဲ သူ့ကို ကျွန်မနဲ့ ဝေးရာကို အတင်းဆွဲခေါ်နေလေရဲ့...
ထူးဆန်းစွာနဲ့...
ကျွန်မရဲ့ ခြေလှမ်းတွေကို ရွေ့လို့ မရဘူး...
အတင်း ရုန်းကန်နေတဲ့ သူ့ ဆီကို ပြေးသွားချင်ပေးမယ့် ကျွန်မ မတတ်နိုင်ခဲ့ဘူး...
TAE YEON! *Shout*
--------------×××--------------×××------------
ကျွန်မ ကို လှုပ်နှိုးနေတဲ့ အထိ အတွေ့ကြောင့် ကျွန်မ သတိပြန်ဝင်လာတယ်...

YOU ARE READING
Love Story In This Hospital
Fiksi Penggemarသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..