နှစ်ခါတိတိ ရှိပါပြီ...သူ ဒီ Room No 27 ရှေ့က ဖြတ်တိုင်း...
သူ့ကို တစ်ယောက်ယောက် ချောင်းကြည့် နေသလိုလို ခံစားရတာ..
ဒီတစ်ခါလည်း သူ အဲ့ဒီ့ ခံစားချက်ကြီး ရ ပြန်ပါပြီ..
လက်ထဲမှာ ရှိတဲ့ အရက်ပြန်ဘူး တွေ ထည့်ထားတဲ့ ကတ်ထူပုံးကို သာသာလေးချ လိုက်ပြီး အခန်းထဲကို တံခါး မှန်ကနေ တစ်ချက် ချောင်းကြည့် လိုက်သည်.
မှောင်နေတာကြောင့်ဖြစ်မည်
ဘာမှ မမြင်ရ...
Fany-ဘာ အခန်းမို့လို့ ပိတ်ထားရတာလဲ မသိဘူး.
သူ တိုးတိုးလေး ရေရွတ် လိုက်ပြီး တံခါးလက်ကိုင် ဘုကို လှည့်ဖွင့်လိုက်သည်..
တံခါးက အလွယ်တကူ ပွင့်သွားသဖြင့် သူ အံ့သြသွားသည်
ဒါပေမယ့်......
မမျှော်လင့်ထားပဲ အခန်းထဲက လေ တိုးသလိုလို ခံစားလိုက်ရသဖြင့် သူ ကြက်သီးများပင် ထ သွားသည်...
အခန်းက အလုံပိတ် ထားသဖြင့် လေတိုက် စရာ အကြောင်းလုံးဝမရှိ...
Fany-ဘာ..ဘာဖြစ်တာလဲဟ?
အခန်းတံခါးကပ်ရပ်မှာ ရှိသော မီးခလုတ် ကို လှမ်းဖွင့်လိုက်ပြီး အခန်းထဲ ကို တစ်ချက်ဝှေ့ကြည့်လိုက်သည်..
အခန်းက သာမန် အခန်း တစ်ခုသာ..
ထူးဆန်းတာ က တစ်ယောက်ယောက် အိပ်ဖို့ ပြင်ထားသလို.....
ကုတင်တစ်လုံးနှင့် ဘေးမှာ စာပွဲတစ်လုံး...
Fany-*ငါ အိပ်ရေးပျက်တာတွေ များနေလို့ စိတ်ထဲက လျောက်ထင်နေတာ နေမှာပါ*
သူ့ ခေါင်းထဲ ဝင်လာသော အတွေးဆန်းဆန်းတွေကို မောင်းထုတ်ပြီး အခန်းကို ကျောခိုင်းခဲ့လေသည်..
သူ့ရဲ့ နောက်ကျောကို တစ်ယောက်ယောက် က ကြည့်နေတာကိုတော့ သူ မသိလိုက်...
YOU ARE READING
Love Story In This Hospital
Fanfikceသူက ကျွန်မအတွက် ပထမဆုံး ချစ်ရ သူပါ -Tiffany Hwang မင်းကို ကိုယ်စောင့်နေတာ တော်တော်ကြာနေပြီ -Kim TaeYeon ဒီ Fic ကို စာမေးပွဲ တွင်းကတည်း က ရေးဖို့ ဆုံးဖြတ်ထားတာပါ..