Unicode‼️
"အချစ်ဦးသည်သာ .... သည်းဦးပန်း !!!
အချစ်ဦးကိုမြေးဦးရတဲ့အထိ မမေ့ဘူးဆို ..."အချစ်ဦး နဲ့ ပက်သက်ပြီး ဖွဲ့နွဲ့တင်စားခဲ့ကြတဲ့
စာသားတွေ စကားပုံတွေ ကဗျာတွေဟာ
တကယ့်အဖြစ်အပျက်အမှန်တွေ
ခံစားချက်အစစ်အမှန်တွေကို
အရင်းခံပြီး ဖြစ်တည်လာခဲ့တာပါ။တကယ်တမ်း အချစ်ဦးဆိုတာ ဘ၀မှာ
ပထမဆုံးနဲ့ အဦးဆုံးအနေဖြင့် ဖြစ်တည်လာခဲ့တဲ့ အချစ်ဆိုတော့လဲ ....။"အချစ်ဦးကို ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး"
သင်ရော ?
အချစ်ဦးနဲ့ ပက်သက်ပြီး
အမှတ်တရတွေ ၊ ခံစားချက်တွေ ၊
လွမ်းဆွတ်တမ်းတမှုတွေ ရှိလား ?တိုက်ဆိုင်မှုတွေရှိခဲ့ရင်ရော
ပြန်လည်တမ်းတ သတိရနေဦးမှာလား ?တကယ်တော့ အချစ်ဦးဆိုတာ ...
ဟန်ဆုယောင်း (You/reader) :
ကျွန်မ အတွက်တော့
ကျွန်မ သိပ်ချစ်ခဲ့ရတဲ့
ကျွန်မရဲ့အချစ်ဦးသူသည်သာလျှင်
ကျွန်မ ဘဝ...
ကျွန်မ ကမ္ဘာ...
ကျွန်မရဲ့ အရာရာပါ !သူ့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါဘူး။
ခုချိန်မှာတော့ ကျွန်မတို့ နှစ်ယောက်
တစ်မြေထဲ တစ်ရေထဲ တစ်နေရာထဲ
မဟုတ်တော့ပေမဲ့ ဟိုးတုန်းက
အတူတူရှိခဲ့ဖူးတဲ့ အချိန်တိုင်း၊ နေရာတိုင်း၊
အမှတ်တရတိုင်းဟာ နှလုံးသားထဲမှာ
ဖျောက်ဖျက်မရနိုင်အောင်စွဲထင်နေဆဲပါ
အချစ်ဦးသူရယ် ....။••:•:•:•:•••
ပတ်ဂျီမင်း (BTS Member/Idol) :
ကျွန်တော့်အတွက်တော့
ကျွန်တော်ရဲ့ အချစ်ဦးဆိုတာ
နောက်ထပ်အစားထိုးမရနိုင်တော့တဲ့ ...
ဒီကမ္ဘာပေါ်မှာ နှစ်ယောက်မရှိတဲ့ ...
ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ ....
ကျွန်တော်အချစ်ရဆုံးသူပါ ။ခုချိန်မှာ Idol တစ်ယောက်ဖြစ်တဲ့
ကျွန်တော့်အနားမှာ ရစ်ဝဲနေသူ မိန်းမချောလေးတွေ အများကြီးရှိနေပေမယ့်
တစ်ချိန်က ကျွန်တော်ချစ်မြတ်နိုးခဲ့ဖူးတဲ့၊
အခုတော့ ကျွန်တော်ရဲ့ အဝေးတစ်နိုင်ငံမှာ
ရှိနေမယ့်. . . .သူမကိုသာ. . .
စွဲလန်းတမ်းတ မျှော်လင့်နေမိဆဲဆိုတာ
ယုံကြည်ပေးပါ ကိုယ့်အချစ်ဦးရယ် ။
YOU ARE READING
အချစ်ဦးသည်သာ
Romanceပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...