Episode 12 (18+)

3.8K 342 41
                                    

Warning 18+

ခါတိုင်းနေ့တွေဆိုမိုးကမဆိုစလောက်ဖွဲဖွဲလေးရယ်ပါ။ဒီနေ့ကျမှမိုးသည်းတဲ့အပြင်ကိုလေတွေကပါတ၀ုန်းဝုန်းနဲ့တိုက်လာတာကြောင့်မုန်တိုင်းလားဆိုတာစိုးရိမ်မိပေမယ့်မဖြစ်ပါစေနဲ့လို့ပဲစိတ်ထဲကဆုတောင်းနေမိတာ။မဟုတ်ရင်ကိုယ့်အတွက်ကကံဆိုးမှုကြတစ်ခုဖြစ်သွားနိုင်တာကြောင့်ပါ...

"suho...suho..."

အချိန်လည်းတော်တော်ကြာပီဆိုတော့အမူးပြေနိုင်လောက်ပါပီရဲ့ဆိုပီးသူ့ကိုလှုပ်နိုးကြည့်ပေမယ့်ကိုယ်တော်ချောကခုနကအခြေအနေထက်ကိုဘာမှထူးခြားမလာ။ပုလင်းတွေကြားထဲမှာခေါင်းစိုက်ပီးယမကာတောထဲမှာမူးယစ်လို့ကောင်းတုန်း...

"ဟူး...."

ှဒုက္ခအကြီးအကျယ်ဆိုတာထက်ကိုပိုပီးကြီးကျယ်ပါသေးတယ်။ရာသီဥတုကဆိုးရွားလာတော့ဆိုင်ကလည်းသိမ်းနေပီ။မှောက်နေတဲ့ဒီငမူးတစ်ယောက်နဲ့ကိုယ့်မှာဘယ်လိုလုပ်ရမယ်မသိ။သူ့ဘာသူဘာဖြစ်ဖြစ်ဟာဆိုပီးထားကလည်းမထားခဲ့နိုင်ဘူးလေ...

"ကျောင်းသားလေး...ခုထက်ထိအိမ်မပြန်သေးဘူးလား...မိဘတွေစိတ်ပူနေလိမ့်မယ်လေ...မုန်တိုင်းရှိနေတာကို...သွားသွား...သူငယ်ချင်းကိုခေါ်ပီးမြန်မြန်ပြန်တော့..."

ဆိုင်ရှင်ကလည်းအနုနည်းနဲ့နှင်လွှတ်နေပီမို့မထူးတော့ပါဘူး။ဖြစ်ချင်ရာဖြစ်ဆိုပီးသူ့ကိုအိမ်ခေါ်သွားတာကောင်းမလား...

"မဖြစ်ပါဘူး...သူကမူးနေတဲ့ဟာ...တော်ကြာ...တစ်ခုခု...arr...ဘာတွေတွေးနေတာလဲ...ထုတ်စမ်း...ထုတ်စမ်း...Zhang Yi Xing...မင်းဘာလို့မိန်းကလေးအတွေးတွေဝင်နေရတာလဲ...မင်းကယောက်ကျားလေးလေ...ယောက်ကျားလေး..."

သူ့အပေါ်ထားတဲ့ခံစားချက်တွေကအစကတည်းကမှမရိုးသားတော့ပေါက်ပေါက်ရှာရှာဝင်လာတဲ့ဟိုစိတ်ဒီစိတ်တွေကိုမောင်းထုတ်နေရသေးတယ်...

"Taxiငှားသွားမှထင်တယ်...ပိုက်ဆံတော့ကုန်ပါပီ..."

လေတွေမိုးတွေကြားမှာဒီငမူးသမားတစ်ယောက်နဲ့taxiငှားရတာသိပ်တော့မလွယ်။ဒီအပြင်ဝက်ဝံရုပ်ကြီးကလည်းတစ်ဖက်နဲ့ဆိုတော့ဒုက္ခကတော့တစ်ကယ်ကိုအကြီးအကျယ်ပါပဲ...

Teddy bearWhere stories live. Discover now