ep-(3) First day of the hell...

253 11 0
                                    

မောင့်အတွက်ရက်ချိန်းကလည်းနီးလာလေပြီ။ ရက်ချိန်းကသာနီးနေတာဖြစ်ပြီး ကျွန်မကတော့အခုထိ မောင့်အတွက်ရှေ့နေမရှာနိုင်သေးပါ။ မောင့်မိဘတွေကလည်း တစ်ဦးတည်းသော သားအလိမ္မာလေးက ဒီလိုဖြစ်သွားသည်မို့ ငိုချည်းပဲငိုနေတော့သည်။ ဒီအခြေအနေတွေကို မောင်သိရင်စိတ်ပူနေမှာစိုးလို့ ကျွန်မမောင့်ကိုသွားတွေ့တော့...။

မောင်ပိန်သွားသည်။ စိတ်ဆင်းရဲလို့ အစားကောင်းကောင်းမစားဘူးထင်။ မောင်မအိပ်ဘူးဆိုတာ ညိုနေသည့်မျက်တွင်းနှင့် ချောင်ကျနေသောမျက်နှာက သက်သေပြနေလေသည်။ ဒါတောင်မှမောင်က ကျွန်မရှေ့တွင် ဘယ်တော့မှစိတ်ဆင်းရဲမှုကိုဖော်မပြသည့်အတိုင်း ကျွန်မကိုသူအဆင်ပြေသည့်အကြောင်းသာ အထပ်ထပ်ပြောနေလေသည်။ ကျွန်မရင်တွေနာကျင်ရပါသည်။ မောင့်ရဲ့မြိုသိပ်သည်းခံမှုတွေက ကျွန်မကိုနာကျင်စေသည်။ မောင့်ပုံစံကိုမြင်တိုင်း မောင့်အတွက်ဘာမှမလုပ်ပေးနိုင်သည့် ကျွန်မကိုယ်ကျွန်မ ဒေါသထွက်မိသည်။

ဒီနေ့ကား မောင့်ရဲ့ရုံးချိန်းရက်နေ့။ မဖြစ်နိုင်သည့်သက်သေတွေနှင့် မဟုတ်မှန်သည့်စွပ်စွဲမှုတွေကို မောင်အလူးအလဲခံနေရသည်။ အစိုးရကမောင့်ဘက်ကပါဝင်ရန် ရှေ့နေတစ်ယောက်ရှာပေးသော်လည်း ထိုရှေ့နေ၏ ပေါ့ပျက်ပျက်အလုပ်လုပ်မှုက မောင့်ကိုရှုံးအောင်လုပ်နေသလို ဖြစ်နေရသည်။ ကျွန်မကြည့်နေရင်းဒေါသတွေ ထွက်မိသည်။ ရုံးချိန်းမို့ တရားရုံးမှာသာမဟုတ်ရင် တစ်ဖက်ကရှေ့နေရော ကျွန်မတို့ဘက်လိုက်ပေးသည်ဆိုသော ရှေ့နေကိုပါ ကျွန်မဆွဲထိုးပစ်မိမှာသေချာသည်။

ဒီလိုနဲ့ အချိန် ၃နာရီကြာပြီးသည့်အခါမှာ ကျွန်မတို့ဘက်က အပြတ်အသတ်ရှုံးလေသည်။ ကျွန်မငိုရပါသည်။ မောင့်မေမေ သတိလစ်သွားသည်။ စိတ်ပူသည့်မျက်လုံးများဖြင့်ကြည့်နေသောမောင့်ကို ရဲများဆွဲခေါ်သွားသည့် ပုံစံက ကျွန်မကို ပိုနာကျင်စေသည်။ ယိုင်နဲ့နေသည့်ခြေထောက်များနှင့် အိမ်ပြန်လာသည့်တစ်လမ်းလုံး ကျွန်မငိုနေမိသည်လေ။ ဒီလိုပဲ ပျက်စီးသွားရပြီလား... မောင်နဲ့ကျွန်မရဲ့ အိမ်မက်လေး။ လက်ထက်ပြီးရင် ကလေးတွေမွေးပြီး နှစ်ဖက်မိဘကို အပြန်အလှန်စောင့်ရှောက်ရင်း ပျော်ပျော်ရွှင်ရွှင်နေမမည်ဆိုသည့် ကျွန်မတို့ရဲ့အိမ်မက်လေး။ အခုတော့ တစ်စစီပျက်လွင့်သွားခဲ့ရလေပြီ။

You Are Mine...Where stories live. Discover now