ကျွန်မဖိနပ်ပင်မစီးနိုင် အိမ်ထဲမှအမြန်ပြေးထွက်လာမိသည်။ Taxi တားရသည်တောင် တစ်ကမ္ဘာကြာလွန်းသည်ဟု ထင်မိသည်လေ။
"ရဲစခန်းကိုမောင်းပေးပါ"
ကျွန်မစိတ်တွေအရမ်းပူနေပြီး ဆောက်တည်ရာမရဖြစ်နေမိသည်။ အိမ်ကထွက်လာတည်းက စကားသံများနားထဲပျံ့လွင့်လျက်……
~~~~~~
ကျွန်မရိုးရာဝတ်စုံကိုအကျအနဝတ်ကာ မှန်ရှေ့အထပ်ထပ်ပြင်ဆင်နေမိသည်။"သတို့သမီးလောင်းလေးမပြီးသေးဘူးလား။ သတို့သားလောင်းလေးတောင်လာတော့မယ်"
မေမေအခန်းထဲဝင်ကာလာပြောတော့ ကျွန်မကျေးဇူးတင်စွာဖြင့် မေမေကိုဖတ်ကာ မေမေရင်ခွင်ထဲ ကလေးလေးတစ်ယောက်လိုတိုးဝင်လိုက်သည်။
"ayigoo…မနက်ဖြန်၊ သဘက်ခါပဲ မင်္ဂလာဆောင်တော့မယ်။ အခုထိကလေးလုပ်တုန်း။ ဖယ်စမ်းပါအေ။ ပူရအိုက်ရတဲ့ကြားထဲ"
မကြိုက်သလိုပြောနေပေမယ့် မေမေအသံတွေက တုန်ရီနေသည်။ သေချာတာပေါ့ မေမေဝမ်းနည်းနေလိမ့်မယ်ဆိုတာ။ ဘယ်မိဘက ကိုယ့်သားသမီးကို သူများလက်ထဲ ခွဲထည့်ချင်ပါ့မလဲနော်။ သူတို့အတွက် ကျွန်မတို့က ဘယ်အချိန်ကြည့်ကြည့် ကလေးပဲမဟုတ်ပါလား။ ကျွန်မဖက်ထားရာကမခွာသေးဘဲ မေမေကိုမော့ကြည့်ကာ…
"မေမေ"
"ဘာလဲ"
"မောင်နဲ့သမီးကို သဘောတူပေးလို့ကျေးဇူးပါပဲ"
"ayigoo…ဒီကောင်မလေးကတော့…။ ကဲ…ကဲ ဖယ်။ အင်္ကျီတွေကျေကုန်တော့မယ်။ ပြင်ဆင်ပြီးရင်လည်းအပြင်ထွက်တော့ မင်္ဂလာသေတ္တာပို့မယ့်သူတွေလာတော့မယ်"
"ဟုတ်ကဲ့"
ကျွန်မအရမ်းပျော်နေမိပါသည်။ သဘက်ခါဆိုကျွန်မရဲ့ မင်္ဂလာနေ့ရောက်တော့မည်လေ။ နှစ်ဖက်မိဘကလည်းသဘောတူ၊ လူငယ်ချင်းလည်းချစ်ကြတဲ့မင်္ဂလာပွဲ၊ ဒါမှပျော်ရွှင်စရာမကောင်းရင် ဘယ်အရာကပျော်စရာကောင်းပါ့မလဲနော်။ ယခုညကတော့ မောင်နဲ့သူ့သူငယ်ချင်း ကျွန်မတို့အိမ်ကိုမင်္ဂလာသေတ္တာလာပို့မည်လေ။ အတိအကျဆိုလျှင် သတို့သမီးလာတောင်းရမ်းတဲ့ပွဲပေါ့။ ကျွန်မတွေးရင်း ရှက်ပြုံးလေးပြုံးလိုက်မိပါသည်။

YOU ARE READING
You Are Mine...
RomansYes, this is my new fic as well as my first 18++ fic. If your age is not over 18, do not read this fic. I am warning.