ep-(6) You & Me

225 9 0
                                        

Cho Kyuhyun သူကတော့ ဘေးမှာ နှစ်ခြိုက်စွာအိပ်ပျော်နေလေပြီ။ အခုထိအိပ်မရသေးသည့်ကျွန်မက အိပ်ရာထက်ဝယ်ဟိုလှိမ့် သည်လှိမ့်နှင့်။ ကျွန်မခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေသည်လေ။

ကျွန်မဘာလို့ မောင့်အနမ်းကိုရှောင်ဖယ်မိပြီး သူနဲ့ကျတော့ ဘာလို့ အဆုံးအစွန်ထိ လက်ခံမိတာလဲနော်။ သေချာတာတစ်ခုကတော့ မောင့်အပေါ်အားနာစိတ်နဲ့ မသန့်ရှင်းတော့သည့်အရာကို မပေးချင်တာလည်း ဖြစ်နိုင်သည်လေ။

ကျွန်မတွေးရင်းတစ်ဖက်လှည့်လိုက်တော့ ဘယ်အချိန်တည်းက နိုးနေမှန်းမသိသည့်သူက ကျွန်မကို သူ့ရင်ခွင်ထဲရောက်အောင် ဆွဲသွင်းလိုက်ရင်း ဖက်ထားသည်။ သာမန်ဆိုလျှင် ကျွန်မရုန်းမိမှာဖြစ်သော်လည်း ဘာဖြစ်မှန်းမသိ ကျွန်မ မရုန်းချင်...။

"အိပ်မပျော်ဘူးလား"

"အင်း..."

"ကိုယ့်ကြောင့် အရမ်းနာနေလို့လား"

"အင်း..."

ကျွန်မ အင်းတစ်လုံးသာအဖြေပေးမိသည်။ တကယ်လည်းနာသည်လေ။

"တောင်းပန်ပါတယ်။ မင်းကို မနာကျင်ရဖို့ ဆုံးဖြတ်ထားပေမယ့် တကယ်တမ်းကြတော့ နာကျင်အောင်ပဲ လုပ်မိနေတယ်"

ရင်ခွင်ထဲမှ ပြန်ဖြေသံမကြားရတော့...

"အိပ်ပျော်သွားပြီလား။ aw...အိပ်ပျော်နေပြီပဲ။ Good night ပါ Young"

Kyuhyun စောင်ကို အပေါ်ထိဆွဲတင်လိုက်ကာ သူမကို ဖက်ထားလိုက်လေသည်။
~~~~~~~~

Donghae's Pov

"yar...Lee Donghae..."

Err...Lee Hyuk Jae လူရှေ့သူရှေ့မရှောင် ကျွန်တော့်ကို ခေါ်ပြန်ပြီ။

"ဟုတ်...ပြောပါသူဌေး"

Hyuk Jae ဘေးကို ခုန်ဆွ ခုန်ဆွရောက်လာပြီး ကျွန်တော့်ပခုံးပေါ်လက်တင်လိုက်ကာ...

"ဟေ့ကောင်...သူဌေးတွေ ဘာတွေ လုပ်မနေနဲ့။ မင်းနဲ့ငါက သူငယ်ချင်းတွေလေကွာ ဒီအတိုင်းသာမန်ပဲခေါ်"

ကျွန်တော် သူ့အနားကပ်ကာ အံကြိတ်ပြီး...

"သာမန်ပဲခေါ်လို့ရမလား။ ဒါကုမ္ပဏီလေကွာ။ ပြီးတော့...ခုန်ဆွ ခုန်ဆွလုပ်မနေနဲ့ မင်းက သူဌေးဆိုတာ သတိထားဦး"

You Are Mine...Where stories live. Discover now