ကျွန်မဒီအိမ်ကိုရောက်နေတာ (၁၀)ရက် ကျော်လေပြီ။ အခုထိတော့နေရထိုင်ရတာ အဆင်မပြေပမယ့်။ အသားတော့ကျလာပါပြီ။ ကျယ်ဝန်းလှသည့်အိမ်ရဲ့ နေရာအားလုံးကိုမရောက်ဖူးသော်လည်း ဧည့်ခန်း၊ အိပ်ခန်းနှင့် ထမင်းစားဆောင် စားဖိုဆောင်က ကျွန်မရှိနေကြနေရာတွေဖြစ်လာခဲ့သည်။ ဟိုတစ်ယောက်အလုပ်မသွားခင်အချိန်အထိပဲ ကျွန်မအလုပ်ရှုပ်နေတာဖြစ်ပြီး ဟိုတစ်ယောက်အလုပ်သွားသည့် နေ့လည်ဘက်အချိန်တွေမှာတော့ TV ကြည့်သည်၊ အိပ်သည်၊ ဒါမှမဟုတ်ခြံထဲဆင်းပြီး ပန်းပင်အချို့ကို ရေလောင်း နေတတ်သည်လေ။
မောင်…။ မောင်က ကျွန်မဆီနေ့တိုင်းဖုန်ဆက်သည်။ မျက်နှာမမြင်ရပေမယ့် ဖုန်းထဲမှ မောင့်အသံကကျွန်မကို စိတ်ချမ်းသာစေသည်။ တစ်နေ့လုံးအတွက် အားအင်တွေကို မောင်ကပေးနေသလိုပင်။ ဘယ်လောက်ပင်ပန်းရပါစေ။ ဘယ်လောက်စိတ်ညစ်ရပါစေ။ မောင့်အသံကြားရင် ကျွန်မပျော်ရွှင်ရသည်လေ။
T…T…T
ဟင်…ကားသံကြားတယ်။ သူလာပြီထင်တယ်။ ကျွန်မအောက်ထပ်ကိုဆင်းကာ သူ့ဆီသွားပြီ သူ့ထံမှအိတ်ကိုလှမ်းယူလိုက်သည်လေ။
"မျှော်နေတာလား။ အလုပ်မပြီးသေးလို့ နည်းနည်းနောက်ကျသွားတာ"
ဖြစ်ရလေ။ ကျွန်မကပဲ သူ့ကိုမျှော်ရဦးမယ်။ သူခိုင်းလို့လဲလုပ်ရသေးတယ်။ လူကိုလည်းအသားယူပြီးပြောသေးတယ်။ မုန်းဖို့ကောင်းလိုက်တာနော်။
ကျွန်မဘာမှပြန်မပြောဘဲ မျက်မှောင်ကြုပ်ပြီးသာ အပေါ်တတ်ခဲ့သည်။ ဘိုးတော်က ကျွန်မကိုအမိန့်ချထားသည်လေ။ အလုပ်သွားရင် အိမ်ပေါက်ဝအထိလိုက်ပို့ပေး၊ သူပြန်လာရင်လည်း အိတ်ဆွဲကြိုရမည်တဲ့လေ။ တော်တော်အပျင်းကြီးဘဝင် လေဟပ်နေတဲ့လူ။
knock…knock…knock…
"Lee Hanyoung အဝတ်လဲပြီးဆင်းခဲ့ သွားစရာရှိတယ်"
သွားစရာရှိတယ်တဲ့။ ဘယ်ကိုလဲလို့ မေးချင်ပေမယ့် မေးခွင့်မရှိဘူးလေ။ သူပြောသလို ကျွန်မက သူ့အရုပ် မလား။ သူခိုင်းတာလုပ်ရုံပေါ့။ ၃လတည်းပါ။ ၃လတည်း…။ ၃လတည်းသည်းခံလိုက်ပါ Hanyoung…ah။ Fighting…။

YOU ARE READING
You Are Mine...
RomanceYes, this is my new fic as well as my first 18++ fic. If your age is not over 18, do not read this fic. I am warning.