ကားသာမောင်းနေရသည်။ ရှေ့ကိုကျွန်မအာရုံစိုက်လို့မရပါ။ ဘယ်ရမလဲ။ ကိုယ်တော်ချောက ဘေးမှာလက်ပေါ်မေးထောက်ပြီး တစ်ချိန်လုံးစိုက်ကြည့်နေတာကိုး။ ကျွန်မကိုကြည့်နေတဲ့ သူ့မျက်လုံးတွေက စူးရှလွန်းသည်။ တစ်ကိုယ်လုံးကြက်သီးတွေထလာသဖြင့် ကျွန်မကားကို လမ်းဘေးထိုးရပ်လိုက်သည်။
"ဆက်တိုက် ဒီအတိုင်းပဲ စိုက်ကြည့်နေတော့မှာလား"
"ဘာဖြစ်လို့လဲ။ ကိုယ့်မိန်းမကိုယ် ကြည့်တာကို"
"ဒီမှာ အာရုံစိုက်လို့မရဘူးမလား"
"ကိုယ့်အကြည့်မှာမျောသွားလို့လား?"
"မသိဘူးကွာ။ ဘာပဲဖြစ်ဖြစ် မကြည့်နဲ့"
"ချစ်ဖို့ကောင်းလို့ပါဆို"
"မကြည့်နဲ့။ ဆက်ကြည့်နေရင် ကားပေါ်ကကန်ချခဲ့မှာနော်"
"ayigoo...သူ့စိတ်ကြီးပဲ။ အိမ်မှာသာဆိုလို့ကတော့ တစ်ခါတည်း..."
"တစ်ခါတည်း ဘာဖြစ်လဲ"
"TV ပဲကြည့်နေတော့မယ် မကြည့်ဘူးလို့"
သူ့ကိုမျက်စောင်းထိုးကာ ကားကိုဆက်မောင်းလာခဲ့လိုက်သည်။ ပြောလည်းခဏပါပဲ။ ဖမ်းလိုက်ရင် အိပ်ချင်ယောင်ဆောင်နေရော။ သရုပ်ဆောင်ကောင်းလိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။ အိမ်အမြန်ပြန်ရောက်လို့သာ တော်ဦးမယ်။ နို့မို့ဆို သူ့အကြည့်ကြောင့် ကျွန်မလည်းပြာဖြစ်တော့မယ်။
ကျွန်မကားကို ခြံထဲဝင်ထိုးဝင်ဖို့ရန်လုပ်တော့ ခြံဝမှာမြင်လိုက်ရသည့် အရိပ်တစ်ခု...။ဟင်...မောင်။ မောင်က ဒီကိုဘယ်လိုလုပ်...
ကျွန်မထိတ်လန့်မှုဖြင့် ကားကိုထိုးရပ်လိုက်သည်။ ခြံဝရှိမောင်က ကားထဲရှိကျွန်မကို စိုက်ကြည့်လျက်...။ ကျွန်မထူပူသွားမိသည်။ ကားထဲမှဆင်းမယ်လုပ်တော့ ဘေးနားရှိသူက ကျွန်မလက်ကို လှမ်းကိုင်လိုက်သည်လေ။
"ခဏပါ..."
ကျွန်မ သူ့လက်ကိုဖြုတ်ချလိုက်ကာ ကားပေါ်မှဆင်းပြီး မောင့်ရှေ့ကိုအပြေးတစ်ပိုင်းသွားမိသည်။ မောင်က ကျွန်မကိုတစ်လှည့် ကျွန်မနောက်မှဆင်းလာသည့် သူ့ကိုတစ်လှည့်ကြည့်ကာ မယုံကြည်နိုင်သောမျက်ဝန်းများဖြင့်...
YOU ARE READING
You Are Mine...
Любовные романыYes, this is my new fic as well as my first 18++ fic. If your age is not over 18, do not read this fic. I am warning.