ep-(9) I Can't Live Without You

108 8 0
                                    

1st December 2016 မှာ အပိုင်း (8) လေးကို နောက်ဆုံအနေနဲ့ တင်ခဲ့ပြီး ၂နှစ်နဲ့ ၁လတိတိကြာသွားတဲ့ အခု 9th February 2019 မှာ အပိုင်း(9) ကို ဆက်ရေးပါ့မယ်။ အစက fan fiction အနေနဲ့ ရေးခဲ့ပေမယ့် အခု Myanmar ver.နဲ့ ဇာတ်ကောင် character တွေအနေနဲ့ပါ ပြောင်းဖြစ်မလား မသိပါဘူး။ အခြေအနေအရပါပဲ။ ကဲ…ဆက်ကြဦးစို့။ ၂နှစ်လုံးစောင့်ပေးခဲ့ကြတဲ့ သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
~~~~~~~~
You Are Min…
ep:(8) မင်းမရှိဘဲ အသက်ရှင်ဖို့ မလွယ်ကူနိုင်ဘူး။                   part:(1)

တစ်ပတ်…
တစ်ပတ်တောင်ကြာသွားခဲ့ပြီ။
ဖုန်းထဲက ရာကျော်နေသည့် မကိုင်ခဲ့သော misscall တွေ။
စက်လေးမတတ်ပို့ထားတဲ့ ထောင်ကျော်နေသည့် တစ်ချက်လေးတောင် မဖတ်သော message တွေမှာ တစ်နေ့တစ်ခြားများများလာခဲ့သည်။

ညည ကျွန်မ အိပ်မပျော်…တစ်ယောက်သောသူကို သတိရမိသည့် အချိန်တိုင်း ပြတင်းပေါက်မှ ထွက်ကြည့်မိလျှင် ကားတစ်စီးနှင့် ရင်းနှီးနေသည့် အရိပ်တစ်ခုက အမြဲတမ်းလိုလို ရှိနေတတ်စမြဲ။ ထိုပုံကိုမြင်မိသည့်အခါတိုင်း ကျွန်မသည်လည်း ပြတင်းပေါက်တွေကို ပြန်ပိတ်ဖြစ်စမြဲပင်။

မျက်နှာချေ… နာမည်ကြီး မိတ်ကပ်အချို့တို့ ပါးပြင်ထက် ခြယ်မှုန်းနေသည်ကို ခံစားမိတော့မှ ကျွန်မစိတ်နဲ့လူနဲ့ ပြန်ကပ်သည်ထင်၏ ။ မျက်နှာချင်းဆိုင်ရှိမှန်တွင် မြင်နေရသည့် ကျွန်မပုံရိပ်ယောင်ကို ကြည့်နေမိသည်။ မှန်ထဲရှိ ကျွန်မသည် ကျွန်မကိုယ်တိုင်မဟုတ်သည့်အတိုင်း တစ်အားကို လှပနေပေသည်။

အဖြူရောင် သတို့သမီးဝတ်စုံလေးနှင့် လိုက်ဖက်လွန်းလှတဲ့ သတို့သမီးမိတ်ကပ်ဟာ မျက်နှာပြင်ပေါ် နေသားတစ်ကျ တည်ရှိနေသည်။ ဆံနွယ်တို့မှာလည်း လှပစွာ ထုံးဖွဲ့ကာ ပန်းတို့ဖြင့်အလှဆင်ထားသည်။

"မကြာခင်အခမ်းအနားစတော့မယ်လေ။ သတို့သမီးလေးက မိတ်ကပ်လိမ်းတာ မပြီးသေးဘူးလားလို့"

နွေးထွေးချိုမြိန်သောအသံနှင့်အတူ အခန်းတံခါးဖွင့်၍ဝင်လာသည့် မေမေ။ မေမေ့ကိုယ်တွင် လှပသော အဝါနှင့် ကြက်သွေးနီစပ် Korea ရိုးရာဝတ်စုံ ဟန်ဘို့အား တင့်တင့်တယ်တယ်ဆင်မြန်းထားသည်။ မေမေဟာ တစ်အားပျော်နေပုံပေါက်သည်။ အင်းလေနော်…ကိုယ့်တစ်ဦးတည်းသောသမီးလေး မင်္ဂလာဆောင်မှာ ဘယ်မိဘက မပျော်ဘဲ နေမလဲနော်။

You've reached the end of published parts.

⏰ Last updated: Feb 08, 2019 ⏰

Add this story to your Library to get notified about new parts!

You Are Mine...Where stories live. Discover now