ခန်းမ တခုလုံးသည် ပရိသတ်များ၏ အားပေးသံ လက်ခုပ်သြဘာသံများဖြင့်ပြည့်နှက်နေသည်။
Jessica Jung တယောက် သူမအားမတ်တပ်ရပ်ပီး အားပေးနေကြသော ပရိတ်သတ်များအားကြည့်နေသည်။သူတို့ကိုကြည့်ရတာ လက်ထဲmessageများပါသော စာရွက်များကိုကိုင်ကာ အလွန်စိတ်လှုပ်ရှားပီးပျော်နေပုံပေါ်လေရဲ့..သူမ ပရိတ်သတ်များ၏စာရွက်မှmessageများက သူမအားဘယ်လောက်ချစ်တယ်ဆိုတာ ဖော်ပြနေတယ်လို့ တွေးမိသော်လည်း သူမသေချာမသိပေ။သူမကိုယ်သူမ ဂုဏ်ယူနေတဲ့စိတ်နဲ့ သတိပြုဖို့မအား..အချို့fanများဆို သူမအတွက်နဲ့ငိုကြသည်။သူတို့ကပီးပြည့်စုံနေတဲ့သူမကို ချစ်ကြတဲ့အတွက် အဲ့ဒါကတော့နားလည်လို့ရသည်။အဲ့ဒီအတွက် သူမ သူတို့စိတ်ကျေနပ်အောင် ဟန်ဆောင်ပီးမျက်ရည်လေးကျပြလိုက်သည်။
သူမကျန်ရှိနေသော musical cast memberများနဲ့ နောက်ဆုံးအကြိမ်အဖြစ် လက်များတွဲကာ ပရိတ်သတ်များအား ဦးညွတ်လိုက်သည်။ဒါက သူတို့ရဲ့အောင်မြင်နေသော Legally Blonde musicalအတွက် နောက်ဆုံးအပိုင်းသာဖစ်သည်။ဒီလိုအောင်မြင်တယ်ဆိုတာကလဲ သူမဂုဏ်အရည်အချင်းကြောင့်ဖစ်တယ်လို့လဲတွေးမိသည်။ပြဇာတ်မှာ သူမနာမည်တလုံးနဲ့ပင် ပရိတ်သတ်90%လောက်အား ဆွဲဆောင်နိုင်ခဲ့ပီး ကျန်ရှိတဲ့castတွေကသူမနဲ့အတူတူstageမှာ သရုပ်ဆောင်နိုင်တာပင် ကံကောင်းနေသည်လို့လဲတွေးသည်။
Red curtain ကျလာပီး သူမမျက်နှာကို မကွယ်မိအထိ သူမအလှပဆုံး ပြုံးနေလိုက်သည်။
ပရိတ်သတ်များ သူမမျက်စိရှေ့ကကွယ်သွားပီးပီးချင်း.အခြားသူများနဲ့တွဲထားသော သူမလက်အား ချက်ခြင်းဖြုတ်လိုက်သည်။
"Good job, Jessica!" သူမနဲ့3လကြာ အလုပ်လုပ်ခဲ့သောmale leader actorကပြောလိုက်သည်။
သူမကြည့်ပီး ခေါင်းညိတ်ကာ "Yeah, great show!"
သူမ ရှိခဲ့တယ်လို့တောင်မထင်ခဲ့တဲ့ အခြားများစွာသော cast memberများရဲ့ သူမအား ဂုဏ်ပြုသံကိုကြားရသည်။ဒါက သူမအပြစ်မဟုတ်ဟုထင်သည် အချို့ဆိုလျှင် အခန်းတခန်းလောက်သာ ပါသောသူများလဲရှိ၍ မှတ်မိနိုင်ဖို့ ခဲယဉ်းတာကြောင့် သူမဒီတိုင်းသာ ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။
