~~~Invisible~~~
Kim Taeyeon တယောက် လက်ထဲမှာtowelတွေ အထပ်လိုက်နဲ့ ဒုတိယထပ်မှာရှိတဲ့လျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။သူမရဲ့ ဘယ်ဘက်နဲ့ညာဘက်မှာ နံပါတ်တွေကိုယ်စီနဲ့ အခန်းတွေ။သူမလျှောက်လာတဲ့လမ်းအတိုင်း လျှပ်စစ်မီးများကအလိုအလျောက်ပွင့်လာသည်။အာ့တာကလည်း သူမရဲ့ideaဖစ်ပီး ရွေ့လျားမှုsensorပါတဲ့ မီးတွေကိုတပ်ဆင်ထားတာဖစ်တယ်..လျှပ်စစ်မီးရော ပိုက်ဆံရော ချွေတာရာရောက်တာပေါ့။သူမ လျှောက်လမ်းရဲ့ထောင့်ဆုံးမှာရှိတဲ့ နောက်ဆုံးအခန်းကိုရောက်လာတော့ ထိုအခန်းသာလျှင် တံခါးပွင့်နေပီး အပြင်ဘက်ကမှိန်တွတွနေရာလေးမှာ အခန်းထဲရှိအလင်းရောင်က စူးရှစွာထိုးထွက်နေသည်။သူမ ထိုအခန်းထဲဝင်လိုက်ပီး..
"ရော့ ဒါနောက်ဆုံးပဲ အပေါ်မှာစီထားလိုက်တော့" သူမ အခန်းထဲတွင်ရှိနေသော အခြားတယောက်အားပြောလိုက်သည်..
towelအဖြူတွေနဲ့ ပြည့်နှက်နေတဲ့ အခန်းထဲမှာရပ်နေတဲ့ ထိုသူရဲ့ပုံစံက သူ့ရဲ့rainbow colorနဲ့ဆံပင်ကို ပိုပီးသိသာစေလေသည်။
"အမလေး တော်ပါသေးရဲ့~ ငါနောက်ဆုံးတာ့ အိပ်လို့ရပီပေါ့" သူမ Taeyeonဆီက towelများကိုယူပီး စင်ပေါ်က အခြားtowelများပေါ်ထပ်ကာ ပြောလိုက်သည်။
Taeyeonသူမရဲ့ကျောအားပုတ်ပီး.."ပင်တော့ပင်ပန်းပေမဲ့ ငါတို့အကောင်းဆုံးလုပ်ခဲ့တာပဲ Hyo ရဲ့~ ဒီညဆိုရင် ငါတို့မှာbookingတွေအပြည့်ပဲလေ"
သူတို့တယောက်ကိုတယောက်ကြည့်ပီး ဒီနေ့အတွက် သူတို့ရဲ့လုပ်ငန်းအဆင်ပြေတာကို ဂုဏ်ယူစွာနဲ့ပြုံးလိုက်ကြသည်။အသက်ရွယ်တူဖစ်တဲ့ Kim Taeyeonနဲ့Kim Hyoyeonကဆိုရင်ညီအမဝမ်းကွဲတွေဖစ်ပီး Kim's Guest Houseဆိုတာကို Chungmuroလမ်းရဲ့ အဆောက်အဦးတခုမှာဖွင့်လှစ်ထားခဲ့တာဖစ်သည်။အစကပုံနှိပ်စက်ရုံအဖြစ် အသုံးပြုခဲ့တဲ့သုံးထပ်ပါတဲ့ အဆောက်အအုံကြီးကို ပိုပီးအကျိုးဖစ်ထွန်းနိုင်တဲ့ အရာအဖစ်သို့ပြောင်းဖို့ သူတို့ရဲ့ လုပ်အားငွေများနဲ့လေလံပွဲတပွဲမှာ ဝယ်ယူခဲ့ခြင်းဖစ်သည်။
Hyoyeonမှာ ညပိုင်းတာဝန်အတွက် Taeyeonအားထားခဲ့ပီး အိပ်ရာဝင်ဖို့အခန်းထဲဝင်ခဲ့သည်။သူတို့တွေ အလှည့်ကျလုပ်ကိုင်ကြသော်လည်း များသောအားဖြင့်Taeyeonက လုပ်ငန်းဆက်ပီးလည်ပတ်ဖို့အတွက် အချိန်ပိုလုပ်တာက များသည်။