~~~Invisible~~~
"Hyo နင်အဆင်ပြေရဲ့လား?" သူမရဲ့ရှေ့တွင်Taeyeonကလက်ကိုဝှေ့ရမ်းပီးမေးလိုက်သည်။
ဒါမဲ့ Hyoyeonမှာ ဘာတုန့်ပြန်မှုမှမရှိ။သူမ လွန်ခဲ့တဲ့ဆယ်မိနစ်ကပုံစံတိုင်းပင် မျက်လုံးပိတ်ပီး လျှာကြီးထွက်ကာ အိပ်ခန်းကြမ်းပြင်တွင်လဲနေသည်။Taeyeon ဒူးထောက်ပီး သူမရဲ့ဝမ်းကွဲအား နီးကပ်စွာကြည့်ကာ ပခုံးကိုကိုင်ပီး အသာလေးလှုပ်လိုက်သည်..
Tae- "Hey Hyo--"
တစုံတယောက်က Hyoyeonရဲ့ပါးအား ရုတ်တရက်တို့လိုက်တော့ သူမပြောလက်စကိုရပ်လိုက်မိသည်။
"သူဒီတိုင်း လန့်သွားတာပါ~ကြည့်ရတာ ငါအခုထိ မမြင်ရသေးဘူးထင်ပါ့" Jessicaအခုနက Hyoyeonပါးကိုတို့ထားတဲ့လက်အား အိပ်ရာခင်းနဲ့သုတ်ရင်း ပြောလိုက်သည်။
Taeyeonကသူမအား မယုံနိုင်စွာဖြင့် လှည့်ကြည့်ကာ..
Tae- "နင်က တကယ်ပဲ...မမြင်ရတာလား?"
Jessica သက်ပြင်းချကာ အခြားတဖက်ကိုလှည့်လိုက်သည်။သူမ Taeyeonကိုတချက်တောင်မကြည့်..စောင်ကိုယူကာ သူမရဲ့ခန္ဓာကိုယ်တခုလုံးအားတင်းကြပ်စွာဆွဲခြုံလိုက်သည်။
Tae- "ဒါ-ဒါမဲ့ မဖြစ်နိုင်တာ! အကယ်လို့နင်က မမြင်ရဘူးဆိုရင် ငါကဘာလို့နင့်ကိုမြင်နေရတာလဲ?!"
Jessica ပခုံးတွန့်ပြလိုက်သည်..
Taeyeonကခေါင်းခါကာ.."နင်က မမြင်ရလို့မရဘူးလေ! ဒါသက်သက် နည်းလမ်းမကျတာ!ငါနင့်ကိုမြင်ရတယ်လေ!ငါကနင့်ကိုမြင်ရတယ်ဆိုတော့ ငါကဘာဖစ်သွားပီလဲ?! တခုခုပြောပါဟ! ဘာလို့ငါကျ နင့်ကိုမြင်ရပီး Hyoyeonကျတော့ မမြင်ရရတာလဲ?!"
Jessica သရော်လိုက်ကာ သူမအားကြည့်နေသောTaeyeonအားလှည့်ကြည့်လိုက်သည်..
Sica- "နင်က ငါ့ကိုဘာပြောစေချင်တာလဲ?!ငါတောင်မှ ငါဘာလို့မမြင်ရတော့တာလဲဆိုတာမသိတာကို!ငါ အိပ်ရာကနိုးပီးနောက် ရုတ်တရက် ဘယ်သူမှငါ့ကိုမမြင်ရတော့ဘူး!"
"ဘယ်သူကမှမမြင်ရတာ...နင့်ကိုငါမတွေ့ခင်အထိပေါ့" သူမဖြည်းဖြည်းချင်းထပ်ပြောလိုက်သည်..
သူတို့ ဘားမှမပြောပဲတယောက်နဲ့တယောက်ကြည့်နေကြသည်။Taeyeon Jessicaရဲ့ပြင်းထန်တဲ့အကြည့်တွေက တဖြည်းဖြည်းနဲ့နူးညံ့လာပီး မျက်ရည်များရစ်ဝဲလာတာကို သတိထားမိလိုက်သည်။