Ep.10

2.3K 169 26
                                    

~~~Invisible~~~

အသားရောင်ဖြူဖျော့ဖျော့နဲ့မိန်းကလေးတယောက် သမ်းဝေလျက် လမ်းမတလျှောက်ကိုတယောက်ထဲလျှောက်လာခဲ့သည်။သူမကြည့်ရတာ အိပ်ချင်နေတဲ့ပုံပေါ်ပေမဲ့ သူမဆက်ပြီးလမ်းလျှောက်နေခဲ့သည်။တခါတလေ သူမပြုံးလိုက် သရော်လိုက် သက်ပြင်းချလိုက်နဲ့ တခါတလေကျတော့လဲ သူမရယ်လိုက် နောက်တော့ လေကိုရိုက်လိုက်လုပ်နေသည်။

သူမ ပန်းခြံနားကခုံတန်းရှည်တခုနားအထိလျှောက်လာခဲ့သည်။ထိုနေရာမှာ ချယ်ရီပန်းတွေပွင့်နေတဲ့ သစ်ပင်တပင်ရဲ့အောက်မှာဖြစ်ပြီး လှပတဲ့မြင်ကွင်းတခုဖြစ်ခဲ့သည်။

သူမခုံတန်းကိုမှီကာထိုင်လိုက်ပြီး သူမဘေးကနေရာအလွတ်ကိုကြည့်ကာ စပ်ဖြီးဖြီးလုပ်နေသည်။

ထိုအချိန်တွင် 4နှစ်ကျော်အရွယ်ရှိတဲ့ ကလေးမလေးတယောက်ဟာ ထိုခုံတန်းရှည်နားကဖြတ်လျှောက်သွားသည်။သူမ မူကြိုမသွားခင် သူမအမေနဲ့အတူမနက်ဘက် လမ်းလျှောက်ထွက်လာခြင်းဖြစ်သည်။ဒါပေမဲ့ အဲ့ဒီခုံတန်းမှာထိုင်နေတဲ့ မိန်းကလေးမှာ တယောက်ထဲရယ်နေတာမြင်တော့ သူတို့ရပ်လိုက်မိကြသည်..

"Eomma ဘာလို့အဲ့ဒီunnieက တယောက်ထဲရယ်နေတာလဲဟင်?"ကလေးမလေးက သူမအမေရဲ့လက်ကိုကိုင်ပြီးမေးလိုက်သည်။

Her mom- *တံတွေးမြိုချလျက်* "အဲ့ဒီ unnieက နေသိပ်မကောင်းဘူး~ဒီတိုင်းသူ့ကိုတယောက်ထဲလွှတ်ထားပြီး သွားရအောင်"

Kid- "Eommaက သူရူးနေတယ်လို့ပြောတာလားဟင်?Awwww သနားစရာunnie"

ထိုနောက် သူမအမေက သူမကိုဆွဲခေါ်သွားပေမဲ့ သူမခုံတန်းပေါ်ကမိန်းကလေးအား လှည့်ကြည့် လှည့်ကြည့်လုပ်နေသည်။သူတို့ မျက်လုံးချင်းဆုံသွားတော့ သူမချက်ချင်းအကြည့်လွှဲသွားသည်။

"Hahahaha!သူတို့ နင်ရူးနေတယ်လို့ထင်သွားတယ်ဟ!😂" Jessicaခွက်ထိုးခွက်လန်ရယ်ပြီးပြောလိုက်သည်။

Tae- "အာ့ကြောင့် ငါနင်နဲ့အပြင်မထွက်ချင်ဘူး ပြောတာပေါ့!ဒါပေမဲ့ နင်ပဲငါ့ကိုအတင်းဆွဲခေါ်လာတာလေ!"😠

Jessicaရယ်တာကိုမရပ်နိုင်ပဲ သူမရယ်လွန်းလို့ မျက်ရည်များတောင်ထွက်လာသည်..😂😂😂

Invisible[Trans]Where stories live. Discover now