Ep.18

2.2K 166 38
                                    

~~~Invisible~~~

"အဲ့ဒါ Jessica Jungပဲ!ငါ သူပျောက်နေတယ်လို့ပဲထင်ခဲ့တာ!" မိန်းမငယ်တယောက်က Jessicaကိုလက်ညိုးထိုးပြီးပြောလိုက်သည်..

Jessicaတံတွေးမြိုချလိုက်ပြီး ကြောင်နေလျက် Taeyeonဘက်လှည့်လိုက်သည်..

Tae- "သူ-သူတို့ နင့်ကိုမြင်ရတယ်လား?"

သို့သော် Jessicaမှာ သူမကိုအံ့အားသင့်နေလျက်ကြည့်နေသည်။တလကျော်လောက်အထိမမြင်ရပဲနေလာပြီးမှ အခုပြန်မြင်ရပြီတဲ့လား?သူမအတွက် ယုံကြည်ဖို့ခက်နေသည်။သူမ လက်လျှော့လိုက်ဖို့တောင်လုပ်ထားခဲ့တာလေ..ဒါပေမဲ့ သူမထံမှာသာရှိနေတဲ့ အကြည့်တွေနဲ့ receptionနေရာတလျှောက်က သူမရဲ့နာမည်ကိုတီးတိုးရေရွတ်သံတွေက အတည်ပြုနေခဲ့သည်။

သူတို့အားလုံး သူမကိုမြင်နေရသည်..

သူမ လှေကားပေါ်မှာ ထိတ်လန့်နေလျက်ရပ်နေတုန်းမှာ guestအဖွဲ့တွေထဲက မိန်းကလေးတယောက်က သူ့phကိုမြှောက်ကိုင်လိုက်တာကိုတွေ့လိုက်သည်။ထို့နောက် ဖျတ်ခနဲ ဖြစ်သွားပြီး..ဓာတ်ပုံရိုက်လိုက်သည်။ထို့နောက် လူကြီးတယောက် သူ့phကိုမြှောက်ပြီး ဓာတ်ပုံရိုက်လိုက်ပြီးနောက် နောက်ထပ်တယောက်ကပါထပြီး ရိုက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် Jessicaတယောက် သူမရဲ့သဘောတူခွင့်ပြုခြင်းမရှိပဲနဲ့ guestတဝက်လောက်ရဲ့ဓာတ်ပုံရိုက်တာကိုခံရပါတော့သည်..

Sica- "ဓာ-ဓာတ်ပုံ မရိုက်ကြပါနဲ့!"

သို့သော် ထိုသူတွေမှာမရပ်သွားခဲ့..

"တော်တော့ဆိုနေ!😠" သူမဒေါထထွက်စွာပြောလိုက်သည်..

"ဘာလို့-"

Taeyeon Jessicaသူတို့ကိုဒေါသတကြီးနဲ့ပြောနေတာကိုတားလျက် ရုတ်တရက်Jessicaရှေ့တွင်ရပ်လိုက်သည်။သူမ မြန်မြန်Jessicaလက်ကိုဆွဲယူပြီးသူမလက်နဲ့သေချာဆုပ်ကိုင်ကာ..

Tae- "အပေါ်ပြန်တက်ရအောင်~သူတို့ရပ်မှာမဟုတ်ဘူး"

Jessicaခေါင်းညိတ်လိုက်ပြီး သူတို့မြန်မြန် လာခဲ့တဲ့လမ်းအတိုင်း လက်ချင်းတွဲလျက်ထွက်သွားတော့သည်..

အဲ့ဒီပုံစံက ဓာတ်ပုံထဲပါသွားခဲ့သည်..

*********

Invisible[Trans]Where stories live. Discover now