Ep.2

2.7K 162 7
                                    

~~~Invisible~~~

Jessica ခြေလှမ်းတွေကို အနီးစပ်ဆုံးtaxi ကားဂိတ်ဆီသို့ဦးတည်လိုက်သည်။သူမ အများသုံးယာဉ်ပဲ စီးရစီးရ ဒီနေရာကနေထွက်သွားပီး ဖြေရှင်းချက်တွေရှိမဲ့ နေရာကိုရှာဖို့လိုနေပီ..ထိုအချိန်တွင် သူမရှိတဲ့ဆီကို taxiတစီးလာနေတာကိုတွေ့လိုက်ရတော့သူမလမ်းဘေးနား ရပ်ပီး လက်ကိုဝှေ့ရမ်းကာ ကားတားလိုက်သည်..

"Stop" သူမ ရေရွတ်လိုက်သည်..

သို့သော် taxiမှာ အရှိန်မလျော့သွား..

"Hey, stop!"

taxiမှာ သူမကိုကျော်ကာ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့အတွက် လမ်းမကနေ အနောက်ကိုတောင်ဆုတ်ပီး ရှောင်လိုက်ရသည်..

သူမအံကိုကြိတ်ကာ သရော်လိုက်သည်..

"ဘာလို့ ငါ့ကို မရပ်ပေးတာလဲ?!"သူမရှေ့တွင် ထွက်သွားသော taxiအား အော်ဟစ်ပြောလိုက်သည်..

"ကောင်းတယ်!သွား!ငါကလဲ နင်တို့ရဲ့ အနံ့အသက် မကောင်းတဲ့taxiစုတ်ကို မစီးချင်ပါဘူး!"သူမမြေကြီးပေါ်သို့ ခြေဆောင့်ကာ ပြောဆိုနေသည်။ဒါမဲ့ သူမhigh heelsစီးထားတာကို မေ့နေခဲ့တော့ ရုတ်တရက် သူမကိုသူမ မထိန်းနိုင်ပဲ..

"အား!"သူမမြေကြီးပေါ်သို့ ဒူးထောက်လျက်သား ကျသွားသည်..

သူမခြေထောက်ကိုပြန်ကြည့်မှ သူမဖိနပ်ရဲ့ ဘယ်ဘက်ထောက် ကျိုးသွားမှန်းသိလိုက်တော့..

"Nooo!This is Jimmy Choo! Nooo!"သူမ ဖိနပ်ကိုကိုင်ပီး တနေရာရာကပြုတ်ကျသွားတဲ့ကလေးရဲ့ မိခင်လို မြည်တမ်းနေသည်...

သူမ ပါးက တခုခုစိုနေသလိုခံစားလိုက်ရလို့ သူမလက်နဲ့ ကိုင်ကြည့်လိုက်တော့..မျက်ရည်တွေ..သူမ လမ်းပေါ်မှာငိုနေတယ်လို့ သူမကိုယ်သူမ မယုံနိုင်လောက်အောင် ဖစ်သွားသည်။သူမကို လူတွေများ မြင်သွားမလား ဆိုတဲ့အတွေးနဲ့ ဘေးဘီကို ကြည့်လိုက်သည်..သို့သော် လူသွားလမ်းပေါ်မှ လမ်းလျှောက်သွားတဲ့သူတွေ..လမ်းကူးသွားတဲ့သူတွေ..တယောက်မှ သူမကိုကြည့်တောင်မကြည့်..တစုံတယောက်ကမှ သူမကိုထဖို့ ဆွဲမထူခဲ့..အနည်းဆုံး သူမဘာလို့ငိုနေလဲဆိုတာတောင်မမေးခဲ့..

Invisible[Trans]Where stories live. Discover now