~~~Invisible~~~
Sica- "ငါ..."
Tae- "ထားလိုက်တော့"
"ငါ နင့်ဆီကဘာမှမကြားချင်တော့ဘူး" Taeyeonပြောပြီး Jessicaကိုတယောက်ထဲချန်ထားလျက် guesthouseအရှေ့တံခါးဆီသို့ ထွက်သွားတော့သည်။မမြင်နိုင်တဲ့ကောင်မလေးမှာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ နှုတ်ခမ်းများတုန်ရီလျက် မျှော့်လင့်ချက်မဲ့စွာ ထိုနေရာတွင်ရပ်နေခဲ့သည်။Taeyeonက သူမမျက်စိရှေ့ကပျောက်ကွယ်သွားပေမဲ့ သူမကတော့ထိုနေရာမှာ ကြက်သေသေလျက်ရပ်နေဆဲဖြစ်သည်..
*********
Hyo- "နင် အဆင်ပြေရဲ့လား? နင့်ကြည့်ရတာ ကြောက်စရာကြီး"
Taeyeon guesthouseထဲကိုဝင်လာကတည်းက ဖြစ်နေတဲ့ခက်ထန်တဲ့မျက်နှာအမူအရာနဲ့ သူမကိုကြည့်လိုက်သည်..
Hyo- "ဒီည နင်စောင့်ရမဲ့အလှည့်နော်-"
သူမ Taeyeonနဲ့မျက်လုံးချင်းဆုံတော့ ပြောလတ်စတန့်သွားပြီး...
Hyo- *gulp* "Well အကယ်လို့ နင်အိပ်ချင်တယ်ဆိုလဲ ရတယ်လေ!Hahaha ငါ double shiftလုပ်ပေးပါ့မယ် အဲ့လောက်ကြီးလဲအပန်းမကြီးပါဘူး!"
Taeyeon အကြည့်လွှဲလိုက်ပြီး.."သွားပါ~ အခု ငါ့အလှည့်ရောက်နေပြီပဲ"
Hyo- "သေချာလို့လား? ငါ-"
Tae- "သွားမှသာ သွားပါ Hyoရာ"
ရုတ်တရက် Hyoyeon သူမကိုဦးညွတ်လိုက်ပြီး ဘာမှမပြောတော့ပဲ သူမအခန်းထဲကိုထွက်သွားတော့သည်။သူမ တယောက်ထဲဖြစ်တော့မှ Taeyeonသက်ပြင်းချပြီး ထိုင်ခုံမှာထိုင်လျက်မှီလိုက်သည်။သူမ ပိတ်ထားတဲ့အရှေ့တံခါးကိုလှမ်းကြည့်လိုက်သည်။သူမ ဆင်ဝင်ဘက်မှာသူ့ကိုထားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်နာရီထဲက Jessicaပြန်မလာသေးပေ။သူမ အာရုံမစိုက်သင့်မှန်းသိပေမဲ့ စိတ်ထဲမှာတော့ သူမ သူ့ကိုစိတ်ပူနေမိသည်..သူနဲ့ပတ်သက်ပြီး ဂရုစိုက်နေတဲ့ သူမကိုယ်သူမလဲ မုန်းသည်..
ရုတ်တရက်လို တံခါးအပြင်ဘက်မှာ တစုံတယောက်ကို သူမမြင်လိုက်ပြီးနောက်မကြာလိုက်ပဲတံခါးပွင့်လာခဲ့သည်..