~~~Invisible~~~
Jessica နေရတာ ကသိကအောက်ဖြစ်နေခဲ့သည်။ခမ်းနားလှတဲ့Italian စားသောက်ဆိုင်တခုမှာ ထိုင်နေရတာ ကသိကအောက်ဖြစ်သလို အဲ့ဒီမှာ Yoonaနဲ့အတူနေ့လည်စာစားနေရတာကိုလဲ ကသိကအောက်ဖြစ်နေသည်။သူမ အဲ့လိုဖြစ်တာကိုမခံစားရစေဖို့ မှန်နံရံအပြင်ဘက်ကိုမကြာခဏ ကြည့်နေသော်လည်း လျစ်လျူရှူဖို့ရန်တော့မလွယ်ကူလှပေ။
Yoonaမှာတော့ menuစာအုပ်ကိုလှန်လိုက် ပြုံးလိုက် သူမစားချင်တဲ့ဟင်းလျာတွေကို လက်ညိုးထိုးလိုက်နဲ့အလုပ်များနေသည်။သူမရဲ့ပုံစံက အရင်လတုန်းက ဘာအဖြစ်အပျက်မှမဖြစ်ခဲ့သလိုမျိုး တောက်ပပြီးတက်ကြွနေခဲ့သည်။သူတို့ ဒီမှာထိုင်နေတဲ့လွန်ခဲ့တဲ့5minထဲက သူမ Jessicaကို ဘာတွေရောက်နေခဲ့တာလဲ ဒါမှမဟုတ် ကိစ္စတွေအဆင်ပြေရဲ့လားလို့ တခွန်းမှမမေးခဲ့။သူမ အဲ့ဒီနေရာမှာထိုင်နေပြီး သူတို့ရဲ့ဒီတိုင်းdateတခုလုပ်နေသလိုမျိုး ရှက်သွေးဖြာလျက်ပြုံးနေခဲ့သည်။
သို့သော် Jessicaကတော့ အဲ့လိုမလုပ်နိုင်ခဲ့။ကိစ္စတော်တော်များများဖြစ်ပျက်ခဲ့သလို အခုဆိုအရာအားလုံးကမတူတော့ဘူးလေ..
Yoong- "Hmm ငါ pastaနဲ့lasagnaဘာမှာရင်ကောင်းမလဲ?ငါတော်တော်လေးကိုဗိုက်ဆာနေလို့ နှစ်ခုစလုံးတောင် မှာလောက်တယ်😁"
"Unnie ဒီဆိုင်ကCarbonaraကြိုက်တယ်မလား?အဲ့ဒါ မှာချင်လား?"
သို့သော် Jessicaက သူမကိုမယုံနိုင်လောက်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့သည်..
"နင် ဘာလုပ်နေတာလဲ?" သူမစိတ်ရှုပ်စွာနဲ့မေးလိုက်သည်..
Yoong- "ငါတို့အတွက် နေ့လည်စာမှာမလို့လေ"
Sica- "မလိုဘူး~ငါ ဗိုက်မဆာတော့ဘူး"
သူမ လက်တဖက်နဲ့စားပွဲကိုရိုက်လိုက်ပြီး ထွက်သွားဖို့ထလိုက်သည်..
"ထိုင်နေ" Yoonaအသံမှာ ခက်ထန်စွာပြောင်းသွားပြီး အမိန့်ပေးလိုက်သည်..
Sica- "ဘာ?"
Yoong- "ထိုင်လို့ ပြောနေတယ်"
Sica- "ဟက် နင်ကငါ့ကိုဟိုလိုလုပ် ဒီလိုလုပ်အမိန့်ပေးရအောင် နင့်ကိုယ်နင်ဘာထင်နေလဲ?"
![](https://img.wattpad.com/cover/70036323-288-k573880.jpg)