Chapter - 1

13.8K 533 10
                                    

Your Master is Me

Chapter - 1 : " I will give you everything whatever you want "

" မမ . . ."

" မမ . . . "

" ဝသုန် . . . ကဆုန် . . . ဘာဖြစ်လို့လဲ "

အိမ်ပြန်ရောက်ရောက်ချင်း မိုးဝသုန် နဲ့ မိုးကဆုန် တို့ရဲ့ အထိတ်တလန့်အသံတွေကြောင့် မျက်ရည် စိတ်ပူသွားရသည်။

" အမလတ် ဆယ်နာရီခွဲနေပြီ ၊ အခုထိ ပြန်မလာသေးဘူး "

" ဟင် . . . "

" ဘယ်လိုလုပ်မလဲ "

" သူ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးပြီးပြီလား "

" ဟုတ် ၊ သူတို့ပြောတာတော့
အမလတ်က ဦးဝဏ္ဏဆိုတဲ့ ဦးလေးတစ်ယောက်နဲ့ ထွက်သွားတယ်တဲ့ "

" ဟင် . . . "

မျက်ရည် မျက်လုံးတွေပင် ပြာသွားရသည်။

ဒီမိသားစုမှာ မျက်ရည်က အကြီးဆုံးဖြစ်ပြီး မေသစ္စာက ဒုတိယ ၊ အမြွှာနှစ်ယောက်ဖြစ်တဲ့ မိုးကဆုန် နဲ့ မိုးဝသုန်က အငယ်ဆုံးဖြစ်သည်။

မျက်ရည်က အဝေးသင် အင်္ဂလိပ်စာ နောက်ဆုံးနှစ် ဖြစ်ပြီး မေသစ္စာက ဆေးတက္ကသိုလ် တတိယနှစ် ဖြစ်သည်။ အငယ်နှစ်ယောက်ကတော့ အခုမှ ဆယ်တန်းပဲ ရှိသေးသည်။

တကယ်တော့ မျက်ရည်က အမေဘက်က ပါလာတာ ဖြစ်ပြီး မေသစ္စာက အဖေဘက်က ပါလာတာ ဖြစ်သည်။ အဲ့ဒါကြောင့် မေသစ္စာနဲ့ မျက်ရည်က သွေးသား မတော်စပ်ပေ။ အငယ်နှစ်ယောက်ကတော့ မျက်ရည်နဲ့
အမေတူ အဖေကွဲဖြစ်သည်။

မေသစ္စာရဲ့အဖေက ချမ်းသာပြီး မျက်ရည်တို့က တော့ အဆင်းရြဲကီးမဟုတ်ပေမယ့် စားနိုင်သောက်နိုင်သည်။

မေသစ္စာက ကိုးတန်းကတည်းက အသုံးအဖြုန်းအရမ်းကြီးပြီး လှချင်ပချင်သည်။ အလှပစ္စည်းမှန်သမျှ နာမည်ကြီး Brand တွေ မှန်သမျှ သူမမှာ အကုန်ရှိသည်။
မျက်ရည်နဲ့ မျက်ရည်ရဲ့ အမေကို မကြည်ပေမယ့် အမြွှာနှစ်ယောက်ကိုတော့ သွေးသားတော်စပ်မှန်းသိနေ၍ မကြည်ဟန်တော့ မပြချေ ။

ဆယ်တန်းနှစ်စမှာ ကိုးတန်းကထက်
ပိုသုံး ၊ ပိုဖြုန်းတဲ့အပြင် ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားလာတော့ ဦးလေးက သူမကို အဆောင်ပို့လိုက်သည်။ အဲ့ဒီ့နောက်ပိုင်း အိမ်စီးပွားရေးကလည်း သိသိသာသာ ကျဆင်းလာပြီး ဦးလေးလည်း ကျန်းမာရေးဖောက်လာလေသည်။ သူ့ရောဂါအခြေအနေကို ရိပ်မိတဲ့ ဦးလေးက ဘယ်သူမှ မသိအောင် သေတမ်းစာကို
ရှေ့နေနဲ့ ရေးထားခဲ့လေသည်။

Your Master is MeWhere stories live. Discover now