Your Master is Me
Chapter - 6 : " You have money but you can't buy everything with money "
" သူက ဘယ်လိုလုပ် . . . ဒီကို . . . "
မျက်ရည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဆံပင်က ဟိုတယ်တုန်းကလို
ရှေ့ကျမနေဘဲ ထောင်ထားလေသည်။ နေကာမျက်မှန်အနက်နဲ့
ကြက်သွေးရောင် အင်္ကျီလက်ရှည်နဲ့ စတိုင်ဘောင်းဘီအရှည်ကို ဝတ်ထားပြီး
အင်္ကျီကို ဘောင်းဘီထဲထည့်ထားလေသည်။ လမ်းလျှောက်လာပုံက စမတ်ကျလွန်း၍ မော်ဒယ်တောင် ရှုံးနိုင်သည်။ထင်ရှားတို့တွေလည်း ကြောင်ကြည့်နေမိကြသည်။
" မင်းက ဘယ်သူလဲ "
" ဟွန့် . . . ကျွန်တော်ကလား . . .
ကျွန်တော်က ဒီအိမ်ကို ဝယ်မယ့်သူလေ "သခင် . . . ဦးအောင်ဇော်နားသွားပြီး မျက်ရည်ကို ဆွဲထားတဲ့လက်ကို ဖြုတ်ချပစ်လိုက်ပြ်ီး မျက်ရည်ရှေ့ကနေ ပိတ်ရပ်လိုက်သည်။
" ဘာ . . . ဒီအိမ်ကို မင်းက ဝယ်မလို့ . . . ဟုတ်လား . . . "
ဦးအောင်ဇော်စကားကို သခင် အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။
" အဲ့ဒါဆို မင်းက
ဒီအိမ်အတွက် သိန်းသောင်းနှစ်ထောင်
ပေးမယ်ဆိုတဲ့ သဘောလား "" ဟုတ်တယ် ၊ ခင်ဗျားလိုချင်နေတဲ့ နှစ်ဆလည်း ပေးမယ် ၊ Party အတွက် လျော်ကြေးလည်း ပေးမယ် ၊ အဲ့ဒါကြောင့် ဒီအိမ်ကနေ အေးအေးဆေးဆေးလေး ထွက်သွားချည် "
မျက်ရည် . . . သူ့ကို တအံ့တသြ ကြည့်မိလိုက်သည်။
" သူက ဘယ်လိုလုပ် ဒီလျော်ကြေးကိစ္စတွေ သိနေရတာလဲ "
မျက်ရည် စိတ်ထဲကနေ တွေးနေမိသည်။
" ဟွန်း . . . ရတယ်လေ ၊ လိုချင်တဲ့လူကို ရောင်းရမှာပေါ့ ၊ အရှုံးမှမရှိတာ ၊ ဒါပေမယ့် ဒီကောင်မလေး မပါဘဲ ငါ မပြန်နိုင်ဘူး "
" ဟွန့် . . . "
သခင် နှုတ်ခမ်းတစ်ချက်တွန့်လိုက်ကာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။
သူ လက်ဖျောက်တီးလိုက်တာနဲ့ အနောက်တိုင်းဝတ်စုံအနက်နဲ့
လူခုနှစ်ယောက် ဝင်လာလေသည်။
YOU ARE READING
Your Master is Me
Romance" ငါ ကူညီရင် ဘာပေးမှာလဲ " " နင်လိုချင်တာ မှန်သမျှ မျက်ရည် ပေးပါ့မယ် " ( My Own Creation ) Write in 2016