Chapter - 7

4.9K 416 21
                                        

Your Master is Me

Chapter - 7 : " She is not the
First person

" ဟွန့် . . . ပြောပါဦး ၊ ပိုက်ဆံနဲ့
ဝယ်လို့ မရတာတွေကို "

" ဟွန့် . . . ပြောပြလို့က ရပေမယ့်
နင့်လို လူက နားလည်မှာလား "

မျက်ရည်စကားကြောင့်
သူ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

".ငါ့ဝေစုလည်း ရောင်းပြီးနေမှတော့
ဒီအိမ်မှာ ဆက်နေစရာအကြောင်းလည်း
မရှိတော့ဘူး ၊ ပြီးတော့ . . . ဝင်ကူညီတာလား ၊
မှိုချိုးမျှစ်ချိုးပြောချင်တာလားဆိုတာကို မသိပေမယ့် အချိန်ကိုက်ရောက်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ၊ ကောင်းကောင်းနေရစ်ခဲ့ကြပါ "

မျက်ရည် မျက်နှာတည်တည်လေးနဲ့ ပြောပြီး
သူ့ရှေ့ကနေ လှည့်ထွက်လာလိုက်သည်။

သူမထွက်သွားတာနဲ့ မိုးဝသုန်တို့ သုံးယောက်လည်း
နောက်ကနေ လိုက်သွားကြလေသည်။

သခင် . . . သူမ ထွက်သွားတာကို ကြည့်ရင်း နေရာမှာပဲ တွေတွေကြီး ထိုင်နေမိသည်။

" ဟား . . . ဟား . . . "

သူ့ဘေးနားလာရပ်ပြီး ရယ်နေတဲ့ Jun့ ကို
သခင် လှည့်ကြည့်လိုက်သည်။

" ဘာတွေ ရယ်စရာကောင်းနေလို့လဲ "

" မင်းအပြောခံလိုက်ရတာကို သဘောကျလို့ "

Jun့ စကားကြောင့် သခင့် မျက်နှာကြီး
ဒေါသကြောင့် နီရဲသွားရသည်

" Easy man . . . စိတ်ကိုလျှော့ . . . "

သခင် ဘာမှပြန်မပြောဘဲ အရှေ့ဘက်ကို မျက်နှာပြန်မူလိုက်သည်။

" ငါ သဘောကျရတဲ့အကြောင်းအရင်းကို
မင်း သိပါတယ် ၊ တစ်ကမ္ဘာလုံးပတ်ပြီး
ရောက်တဲ့နေရာတိုင်း ရည်းစားထားခဲ့တဲ့ မင်း ၊
ပြီးတော့ ဘယ်မိန်းကလေးကမှ မင်းကို
လူကြားထဲ မပြောနဲ့ ၊ နှစ်ယောက်ထဲ ရှိနေတဲ့ အချိန်မှာတောင် မင်းကို ပြန်ခံမပြောရဲဘူး ၊
မင်း . . . သူတို့ကို ထားခဲ့မှာကို အရမ်းကြောက်တဲ့လူတွေချည်းပဲ ၊
ဒါပေမယ့် ဒီတစ်ယောက်က ပထမဉ်ီးဆုံးပဲ ၊
ဟိုတယ်မှာ နှစ်ယောက်ထဲ ရှိတုန်းကကော ၊ အခု လူကြားထဲမှာကော . . .
မင်းကို ပြန်ခံပြောခဲ့တာ ၊ ဒါကောဆို
နှစ်ခါရှိပြီ . . . မင်း ခံလိုက်ရတာ . . . "

Your Master is MeDonde viven las historias. Descúbrelo ahora