Chapter - 14

5.6K 475 79
                                    

Your Master is Me

Chapter - 14 : " Your punishment "

" ဒါက . . . "

" ကိုယ့်အိမ်ပဲ "

" အိမ် . . . "

သူမ တအံ့တသြလေး ရေရွတ်လိုက်မိသည်။

အိမ်ဆိုတာထက် နန်းတော်နဲ့ပိုတူနေပြီး ဂေါက်ကွင်း ၊ ရေကူးကန် ၊ ပန်းခြံ အကုန်ရှိပြီး ဒီလောက်ကျယ်ဝန်းလှတဲ့ အိမ်မျိုးကို မျက်ရည် ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးခဲ့သည်။

သခင်တစ်ယောက် တအံ့တသြလေး ငေးကြည့်နေတဲ့ မျက်ရည်ကို ငုံ့ကြည့်နေမိသည်။

ဒီအိမ်ကို သူမနဲ့ အတူနေဖို့အတွက် သူ့စိတ်ကြိုက်ဆောက်ထားခဲ့ပြီးမှ . . . အဲ့ဒီ့ကိစ္စတွေ ဖြစ်ပျက်အပြီးမှာ သူ . . . ဒီအိမ်ကို နောက်ဘယ်တော့မှ မလာဖို့ ဆုံးဖြတ်ခဲ့မိသည်။

သူ့ကို အာခံရဲတဲ့လူထဲမှာ မျက်ရည်က ဒုတိယလူဆိုပေမယ့် ဒီအိမ်ကို အရင်မြင်တွေ့ခွင့်ရတဲ့ ပထမဆုံးလူက မျက်ရည်ပင်။

" နင် ဒီလောက်ထိ ချမ်းသာမယ်လို့
မထင်ထားခဲ့မိဘူး "

" Seriously ? "

သခင် . . . သူမကို မယုံသလို ကြည့်လိုက်မိသည်။

မျက်ရည်ကတော့ အိမ်ကိုသာ ငေးနေလေသည်။

" မိုက်တယ် "

" ဟွန်း . . . အရမ်းချမ်းသာမှန်း သိလို့ ထပ်ကြွေသွားတာလား "

သခင့်စကားကြောင့် မျက်ရည် . . . အိမ်ကြီးအလှကို ခံစားရင်း ကြည်နူးနေရာကနေ စိတ်တိုသွားရလေသည်။

" နင် ဘာလို့ ကိုယ့်ကိုယ်ကို အဲ့ဒီ့လောက်တောင် ဘဝင်မြင့်နေရတာလဲ ၊ ပြီးတော့ ဆင်းရဲတဲ့သူက ချမ်းသာတဲ့လူတွေကို သဘောကျတာ ဘာမှားလို့လဲ ၊ လူတိုင်း ချမ်းသာချင်ကြတာချည်းပဲ "

သူ့ကို ပြန်ရန်တွေ့နေတဲ့ ကောင်မလေးကို သခင် ပြုံးလျက် စိုက်ကြည့်နေမိသည်။

သူမလေးကတော့ စိတ်တိုနေလို့ ထင်ပါရဲ့ . . . သူ့ရဲ့ မျက်လုံးရိုင်းတွေကို သတိတောင် မထားမိရှာပေ။

" နောက်ပြီးတော့ . . . ဘာတဲ့ . . . ထပ်ကြွေတယ် . . . ? အားတော့နာပေမယ့် ငါ . . . နင့်ကို တစ်ခါမှ မကြွေခဲ့ဖူးဘူး "

Your Master is MeWhere stories live. Discover now