Chapter - 4

5.7K 429 0
                                    

Your Master is Me

Chapter - 4 : " Greed "

" Girl , you don't understand what you do to me . . . "

စားပွဲပေါ်က ဖုန်းအသံကြောင့် သခင် မတ်တပ်ရပ်ကာ သွားကိုင်လိုက်သည်။

" Say "

" ငါတို့ မင်းပြောတဲ့အတိုင်း မင်းကောင်မလေးနောက်ကို
လိုက်နေရင်းက . . . ဟား . . .
မင်းကောင်မလေးက တကယ့်မလွယ်ကြောပဲကွ "

Jun က သူ့အသက် ( ၈) နှစ်နဲ့
အင်္ဂလန်ကို သွားရကတည်းက သူ့သက်တော်စောင့်အဖြစ် ပါလာခဲ့ပြီး ညီအစ်ကိုတွေလို နေခဲ့ကြတာမလို့ ပြောစရာရှိရင်တော့ သူ့ကို အားမနာတမ်းပြောတတ်သည်။

" ဘာဖြစ်လို့လဲ . . . "

" သူ အခု လူတစ်ယောက်ကို သူတို့နေတဲ့အိမ်ကို ရောင်းလိုက်တယ် "

" သူတို့ နေတဲ့အိမ်ကို . . . ? "

" ငါတို့ စုံစမ်းရသလောက်တော့
အဲ့ဒီ့အိမ်တစ်ဝက်ပဲ သူပိုင်တာ "

" ဘယ်လို . . . ? "

" သူတို့အဖေက မောင်နှမလေးယောက်ရှိတာကို အိမ်ကို သူ့တစ်ယောက်တည်းကိုပဲ တစ်ဝက်လုံးပေးခဲ့ပြီး ကျန်တဲ့သုံးယောက်ကို တစ်ဝက်ပေါင်းပေးခဲ့တာ "

Jun့ စကားကြောင့် သခင် မျက်မှောင်ကျုံ့မိသွားသည်။

" အဲ့ဒါဆိုရင် သူက အိမ်တစ်ဝက်ကိုပဲ ရောင်းခဲ့တာပေါ့ "

" အဲ့ဒီ့လိုလည်း မဟုတ်ဘူး ၊ အိမ်ကို အကုန်ရောင်းခဲ့တာ "

" What . . . ? "

Jun့  စကားကြောင့် သူ နားရှုပ်သွားရသည်။

" မနေ့ညက သူတို့ခြံဘေးမှာ စောင့်နေရင်းနဲ့ သူတို့ခြံထဲကို ကားသုံးစီးဝင်သွားပြီး ကားပေါ်ကနေ လူမိုက်ပုံစံနဲ့လူတွေ ထွက်လာပြီး
အိမ်ထဲမှာ သောင်းကျန်းနေကြတယ် ၊
ခြံကကျယ်တော့ ဘေးအိမ်တွေက
အသံတွေ မကြားရဘူး ၊ ငါတို့တောင် စောင့်ကြည့်နေလို့ သိတာ ၊
အစက ကူမလို့ လုပ်ပေမယ့် မင်း ခွင့်ပြုချက်မရဘဲ လုပ်ပိုင်ခွင့်မရှိလို့ အခြေအနေဆိုးမှ ဝင်မယ်ဆိုပြီး ငြိမ်နေလိုက်ကြတာ ၊ ခဏကြာတော့ လူမိုက်တွေနဲ့အတူ သူပါ စာချုပ်ကိုင်ပြီး ထွက်ချလာတယ် ၊ အဲ့ဒါနဲ့ သူတို့နောက် လိုက်ချောင်းတော့ သူက အခု အိမ်ကို လူတစ်ယောက်ကို ရောင်းနေတာ တွေ့လိုက်ရတယ် ၊ ဒီကိစ္စကို သူ့အစ်မအကြီးဆုံးတော့ မသိသေးဘူး ၊
ညက အိမ်မှာ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ် "

Your Master is MeWhere stories live. Discover now