Chapter - 2

6.5K 468 6
                                    

Your Master is Me

Chapter - 2 : " I want you "

" အင်း . . . "

မျက်​ရည်​ မျက်​နှာကို အလင်း​ရောင်​က လာထိ​တွေ့တာ​ကြောင့်​ တစ်​ချက်​ညည်းကာ မျက်​စိကို ဖြည်းဖြည်းချင်းဖွင့်​လိုက်​မိသည်​။

" ဟင်​ . . . "

မြင်​လိုက်​ရတဲ့ မျက်​နှာကြက်​က ခမ်းနားလွန်း​နေပြီး အခန်းကြီးက အ​မှောင်ကျ​နေ​တာ​ကြောင့်​ မျက်​ရည်​ ​ကြောင်​သွားရသည်​။

" ဒါ . . . ဘယ်​​နေရာ . . . "

မျက်​ရည်​ ​ဘေးဘီဝဲကြည့်​ရင်းက​နေ ညက အဖြစ်​အပျက်​ကို သတိရမိသွားပြီး အိပ်​​နေရာက​နေ ထလိုက်မိ​​သည်​။

" နိုးလာပြီလား "

ယောင်္ကျားတစ်​​ယောက်​အသံ​ကြောင့်​ မျက်​ရည်​ လန့်​သွားရသည်​။

ယောင်္ကျား​လေးတစ်​​ယောက်​ . . . မျက်​ရည်​ ကြည့်​ဖူးတဲ့ ရုပ်​ရှင်​​တွေထဲကလို မင်းသား​​တွေ ​ရေချိုးပြီးရင်​ ထွက်​လာရင်​ ဝတ်​တတ်​တဲ့ အင်္ကျီအရှည်​ကို သူက ကြက်​​သွေး​ရောင်​ ဝတ်​ထား​လေသည်​။ ​ခေါင်းကလည်း ​ရေစက်​လက်​နဲ့ ။ ​ရှေ့ဆံပင်​​တွေကလည်း ​ရေစို​နေတာ​ကြောင့်​ မျက်​လုံးတစ်​ဝက်​ကို အုပ်​ထားသလို ဖြစ်​​နေ​လေသည်​။

" ဘယ်​ . . . ဘယ်​သူလဲ . . . "

သူမ​မေးခွန်း​ကြောင့်​ သခင်​ ​ကြောင်​သွားရသည်​။ ပြီးမှ ပြုံးလိုက်​ကာ . . . ။

" အဟက်​ . . . မဟုတ်​မှလွှဲ​ရော . . . မင်း သတိ​မေ့တတ်​တာလား "

ပြောရင်းနဲ့ သူက မျက်​ရည်​ ​ဘေးနားလာထိုင်​​လေသည်​။

" ကိစ္စမရှိပါဘူး ၊ မင်းပြန်​သတိရလာ​အောင်​ ကိုယ်​ ကူ​ပေးမယ်​ "

မျက်​ရည်​ . . . တဖတ်​လူကို လှမ်းကြည့်​​တော့ သူ့မျက်​ဝန်း​တွေက မျက်​ရည်​ရဲ့ နှုတ်​ခမ်း​လေးကို စိုက်​ကြည့်​​နေ​လေသည်​။ မျက်​ရည်​ ​ကြောင်​ကြည့်​​နေတုန်းမှာပဲ သူ့မျက်​နှာက မျက်​ရည်​ မျက်​နှာနားကို တိုးကပ်​လာ​လေသည်​။

" မဟုတ်​မှလွှဲ​ရော . . . မ​နေ့ညက မျက်​ရည်​ကို ကူညီခဲ့တဲ့ တစ်​​ယောက်​လား "

Your Master is MeDonde viven las historias. Descúbrelo ahora