*2*

4.2K 428 9
                                    

ပုံစံမြင်​လိုက်​တာနဲ့ကို
ထီမထင်​တဲ့ ဒီဇိုင်းနဲ့
လူ​တစ်​​ယောက်​က ကျ​နော့်​ကို
ကုတ်​ချိုးထား​သော မျက်​ခုံးတွန့်​တွန့်​များအား
တစ်​ချက်​ပင့်​ပြပြီး

အဆင်​​ပြေလား ဘာဖြစ်​သွား​သေးလဲ

ကျ​နော်​လည်း
တဆတ်​ဆတ်​တုန်​​နေတဲ့
နှုတ်​ခမ်း​တေနဲ့

'ဘာ...ဘာမှ မဖြစ်​ပါဘူး'

ထိုလူက ​ကြောက်​​နေ​သော
ကျ​နော့်​ရဲ့ ပုံစံကို
တစ်​ချက်​ အကဲခတ်​ကာ
မျက်​နှာ​ကြောကို ​လျှော့လိုက်​​လေတယ်
ကျ​နော်​၀င်​တိုက်​လိုက်​တဲ့ကားက
သူ့တို့ကားဖြစ်​ဟန်​တူတယ်
သူက ခါး​ထောက်​ပြီး
ကားနှစ်​စီး ကို တစ်​ချက်​လှမ်းကြည့်​ရင်း

'ကား​တေက​တော့ ဘာမှမဖြစ်​ဘူး
မင်း ​ဘေးမှန်​က​တော့
နည်းနည်း​စောင်းသွားတယ်
ဟို ​ခွေး​ကောင်​​တွေ ကွာ
လက်​လည်းမ​ဖြောင့်​ဘဲနဲ့
sorry ​တော်​​တော်​လန့်​သွားလား'

သူ့အ​မေးကို ကျ​နော်
တုန်​တုန်​ယင်​ယင်​နဲ့ဘဲ
ခေါင်းညိတ်​ပြမိတယ်
တကယ်​တမ်း​ ​ပြောရရင်
ကျ​နော်​ခုထိ ​ကြောက်​စိတ်​မ​ပြေ​သေးဘူးရယ်

ခုထိလည်း ​ရှေ့ကားကို
ဝငင်​​ဆောင့်​ထားတဲ့အတိုင်း
နေရာက​နေ ဆစ်​လက်​မ​တောင်
မ​ရွေ့ရ​သေး

သူကရန်​​တွေ့စကားလည်းမဆို
ဘာစကားမှလည်းမ​ပြောဘဲ
ကြောက်​​နေတဲ့ပုံစံ ရှိ​နေတဲ့ကျ​နော့်​ကို
ခပ်​နက်​နက်​တစ်​ချက်​ စိုက်​ကြည့်​ရင်း
ဟင်းခနဲ သက်​ပြင်းချကာ

'​ဆောရီးကွာ မင်းကြည့်​ရတာ ​တော်​​တော်​လန့်​သွားပုံပဲ ကား​ရော​မောင်းနိုင်​ရဲ့လား'

'ဟုတ်​....ဟုတ်​'

အဲဒီ ဟုတ်​ ဟုတ်​ ဆိုတာကိုက
မေးရိုက်​​နေ​သောအသံဖြင့်
ဟုတ်​​နေရတာကို
သူကရိပ်​မိသွားတယ်​ ထင်​တယ်
အ​ခြေ​နေကို ​စောင့်​ကြည့်​​နေကြတဲ့
သူ့သူငယ်​ချင်း​တေ ဘက်​လှည့်​ပြီး

'Kai ကားကို​ရှေ့တိုးလိုက်​စမ်းကွာ
ဘေးကပ်​ရပ်​လိုက်​'

ပန်းတစ်​ပွင့်​၏ မူပိုင်​ရာသီဥတုWhere stories live. Discover now