နောက်တစ်နေ့မနက်
ကျနော်တို့တောင်မရောက်သေး
သူကကားပါကင်မှာ kyungsooရဲ့
ကားနဲ့အတူ ကြိုရောက်နေတယ်သူ့ကားကို kyungsoo မောင်းလာတာ
မြင်တော့ သူကလက်အသာလှမ်းပြတယ်
သူ့ဘေးနေရာလွတ်မှာ kyungsooက
ဝင်ရပ်လိုက်ပြီး ကားပေါ်ကဆင်းတော့
သူက ဟန်ပါပါနဲ့ hi လို့ နှုတ်ဆက်ပြန်တယ်Kyungsoo က သူ့အနားကို
ခပ်တည်တည်ပင်လျှောက်သွားကာ
ကားသော့လှမ်းပေးရင်း..ကျေးဇူးပဲ မနေ့ကအဆင်ရောပြေရဲ့လား
ဖုန်းဆက်မေးမလို့ပဲ ဖုန်းနံပါတ်
မသိလို့..ကိစ္စ မရှိပါဘူး အဆင်ပြေပါတယ်
ဒီမှာ မင်းကားသော့
ပေါက်နေတဲ့ ဘီးကိုလည်းဖာပြီး
သေချာပြန်တပ်ပေးထားတယ်..အိုခေ....ကျေးဇူးပဲ
..ဘယ်လိုလဲ မင်းနဲ့ငါ
အေးဆေးဖြစ်သွားပြီမို့လားသူဘာကိုဆိုလိုမှန်းသိသဖြင့်
Kyungsoo က မဲ့ပြုံးတစ်ချက်ဖြင့်
ပခုံးတွန့်ကာ ခေါင်းငြိမ့်ပြတယ်
သူက ကျနော့်ကို တစ်ချက်လှမ်းကြည့်တော့ကျနော်မှာ မနေတတ်မထိုင်တတ်တေ ဖြစ်ရပြန်ရော ရယ်ပဲပြရတော့မလို နှုတ်ပဲဆက်ရတော့မလိုနဲ့အဲ့အချိန်မှာပဲ ကံကောင်းစွာ
Kyungsooရဲ့ဖုန်းကထမည်လို့
Kyungsoo က မျက်စတစ်ချက်ပစ်ကာ
ခပ်လှမ်းလှမ်းမှာ ဖုန်းသွားပြောနေတယ်
ဒီတော့မှ သူကကျနော့်ထံ
ခြေလှမ်းအနည်းငယ်တိုးကပ်လာရင်း..ခုတလော byun baekhyunအတွက်
ထိတ်လန့်စရာတေနဲ့ချည်းပဲ
ကြုံနေတယ်နဲ့တူတယ်နော့
ဟုတ်လား..ဗျာ....ဟုတ်....ဟုတ်တယ်
..ဒါဆို မနေ့က တော်တော်ကြောက်နေမှာပေါ့
..အင်း...
ကျနော်လည်းဘာဆက်ပြောရမှန်းမသိတာနဲ့ သူ့ကိုကြည့်လိုက်တယ်
အဲ့တော့မှ ဒဏ်ရာအနည်းငယ်
ရှိနေတဲ့သူ့မျက်နှာကို
သွားတွေ့တယ်လေ
နှုတ်ခမ်းကွဲသောနေရာက
သွေးအနည်းငယ်စို့နေပြီး
ကြည်လင်နေသောမျက်နှာဖွေးဖွေးထက်
အဲ့ဒီဒဏ်ရာကထင်းလို့
YOU ARE READING
ပန်းတစ်ပွင့်၏ မူပိုင်ရာသီဥတု
Fanfictionကြိုပြောထားပါရစေနော် ဒီficကနော်ရမ်းကြိုက်တဲ့ စာအုပ်ကို copyယူပြီး ပြန်ရေးထားတာပါလို့ Normalကိုyaoi ပြောင်းရေးထားတာမို့လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ Chanbaekကို အားကြီးချစ်လွန်းလို့ပါ