'ဘာ...ယောက်ျား လေး
ဟုတ်လား မင်းပြောတော့
မိန်းကလေးဆို'Kaiရဲ့အံ့သြတကြီးပြောတဲ့စကားကို
ကျနော် ခေါင်းအသာရမ်းပြရင်း'စက ငါလည်းမိန်းကလေးထင်သွားတာပဲ
ကောင်းလေးဖြစ်နေမယ်မထင်ဘူး''မင်းက သိရဲ့နဲ့ ဘာလို့
မိန်းကလေးလို့ ပြောနေတာလဲ''ငါ့ကိုယ်ငါ ဘာလို့
ပြောမိမှန်းကို မသိတာ
သူကြောက်နေတဲ့ပုံက မိန်းကလေးနဲ့
တူလို့ စချင်တာနဲ့ ပြောလိုက်တာ
ထားလိုက်တော့ အဲ့အကြောင်းတေ'ထားလိုက်လိုက်ပြောနေတာ
တကယ်တော့ ကျနော့်အတွေးထဲ
မိန်းကလေးနဲ့တူတဲ့
အဲဒီကောင်လေး ကားကို
ဘယ်လိုမောင်းသွားလဲဆိုတာပဲ
မကြာမကြာ တွေးနေမိတယ်
ကြောက်လန့်နေတဲ့
မျက်လုံးမှေးမှေးလေးနဲ့ ကျနော့်ကို
ကြည့်နေပုံလေးက ဘာကြောင့်မှန်းမသိ
အာရုံထဲက ထွက်မသွား
ပြန်ပြန်မြင်နေမိတယ်
Linerချယ်ထားတဲ့ မျက်ဝန်း လေးတေ
အားးး ရူးတော့မယ် ကောင်လေးရေဘာလို့လဲ ကောင်လေး ကိုမှ
ကျနော်က ဘာလို့လဲ
ကျနော်က မိန်းကလေးတေကို
စကားပြောဖို့မပြောနဲ့ စေ့စေ့တောင်
မကြည့်တတ်တဲ့ကျနော်က
boy to boyခြင်း
စိတ်ဝင်စားတဲ့ homoဖြစ်နေတာလားဒီခောတ်ကြီိး ထဲမှာ
ဒါမျိုးတေက မရှားပါဘူးလေ
ကျနော့်သူငယ်ချင်းတေကရော
လက်ခံပါ့မလား'မင်းကွာ ဖောရှော သွားရိုက်နေသေးတယ်
တကယ်ကူညီတာလဲ မဟုတ်ဘဲနဲ့'' သူ့ကိုကားမောင်းပေးရမလား
လို့ မေးတယ်လေကွာ
သူမှ လက်မခံဘဲ ပြီးတော့..''ပြီးတော့ ဘာဖြစ်လဲ '
Sehunက ကျနော့်စကားကို
စိတ်ဝင်စားဟန်နဲ့
ဆက်မေးတယ်'သြော် ....ငါတို့ရှိနေတာ
သူ့အတွက် ပိုအနှောင့်အယှက်ဖြစ်မယ်
ထင်လို့ပါ
ကိုယ်ကဇွတ်ပြောနေရင်လည်း
တစ်မျိုးထင်နေဦးမှာ
အဆင်ပြေမှာပါ
ဘာပြဿနာမှ မရှိလောက်ပါဘူး
သူ့လည်းယောက်ျားလေးပဲလေ
သူ့အိမ်သူ ဖုန်းဆက်ခေါ်ချင်ခေါ်မှာ
ပေါ့ကွာ'
YOU ARE READING
ပန်းတစ်ပွင့်၏ မူပိုင်ရာသီဥတု
Fanfictionကြိုပြောထားပါရစေနော် ဒီficကနော်ရမ်းကြိုက်တဲ့ စာအုပ်ကို copyယူပြီး ပြန်ရေးထားတာပါလို့ Normalကိုyaoi ပြောင်းရေးထားတာမို့လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ Chanbaekကို အားကြီးချစ်လွန်းလို့ပါ