သူ......သူဆိုတာ ကျနော့်စိတ်ထဲ
မှတ်မှတ်ထင်ထင်ရှိနေဆဲ
လူတစ်ယောက်ကျနော် သူ့ကိုကြည့်နေစဉ်မှာ
မျက်ခုံးကိုပင့် နှုတ်ခမ်းကိုဖွင့်၍
အံ့အားသင်နြေသလို
တစ်တန်းလုံးကလည်း
မသိမသာ ငြိမ်သက်သွားသည်ဟု
ထင်မိသည်Kyungsoo ကလည်း
တိတ်ဆိတ်သွားသောကြောင့်
အပေါက်ဝကို လှည့်ကြည့်ပြီး
ကျနော့်ရဲ့ လက်ကို
အသာကုတ်ကာ"Baek.....
ဟိုမိန်းမတေ ကဲနေတဲ့
Park Chanyeol ဆိုတာ
စပို့ရှပ် အပြာစင်းနဲ့ဟာ"ကျနော်လည်း အဲ့တစ်ယောက်ကို
မှင်သက်ကာ ငေးမောနေမိတယ်
တစ်နေ့ကတော့ ကြောက်လန့်နေတာနဲ့
သူ့မျက်နှာကို အဲ့လောက်ကြီး
သတိမထားမိခဲ့
ဒါတောင် ကြည့်ကောင်းတဲ့
ရုပ်သွင်ရှိမှန်းတော့ သတိထားမိခဲ့သည်သူချောတာ မချောတာ အသာထား
သူဝတ်ထားတဲ့ စပို့ရှပ် လက်တို
အပြာစင်းလေးကကိုပင်
မျက်လုံး မခွာချင်လောက်အောင်
တောက်ပြောင်နေတယ်အဲ့ဒါကို အောက်က
အနက်ရောင် ဂျင်းဘောင်းဘီနဲ့
တွဲဝတ်ထားပြီး ခါးနားမှာ
အနီရောက် အကွက်လက်ရှည်ကို
စည်းထားသည်နားတစ်ဖက်မှာလည်း
စိန်နားကပ်သေးသေးလေးတစ်ဖက်
လည်ပင်းမှာလည်း ဖန်စီကြိုးတေ
ဒိုင်ခွက်ကြီးကြီးနဲ့ ရွှေရောင်နာရီတစ်လုံး
လက်ပတ်ကွင်း တေနဲ့
သူ့ကိုယ်သူ ဆင်ထားပုံမှာ
ကျောင်းရဲ့ ဂုဏ်ထူးဆောင်
လူမိုက်ဟု လုံးဝမထင်ရချေသူ့လိုပဲ ကျန်တဲ့သူတေ ကလည်း
ကွဲထွက်နေသည့် သန့်ုပြန့်သော
ရုပ်ရည်များ ပိုင်ဆိုင်ထားကြသည်"Baek .....baek
Yarr puppy baek
...အမလေး ...ငါက
သူများကို သာပြောနေတာ
ငါ့သူငယ်ချင်းကမှ ငုတ်တုတ်ကြီး
အသက်ထွက်နေပြီနဲ့ တူတယ်
ဟိုဟာတေက မိန်းကလေး တေမို့
ထားပါ မင်းက ဘာဖြစ်ရတာလဲ ဟင်"
YOU ARE READING
ပန်းတစ်ပွင့်၏ မူပိုင်ရာသီဥတု
Fanfictionကြိုပြောထားပါရစေနော် ဒီficကနော်ရမ်းကြိုက်တဲ့ စာအုပ်ကို copyယူပြီး ပြန်ရေးထားတာပါလို့ Normalကိုyaoi ပြောင်းရေးထားတာမို့လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ Chanbaekကို အားကြီးချစ်လွန်းလို့ပါ