ငါကတော့ အဲဒီ
Park Chanyeolဆိုတဲ့ အကောင်ကို
နည်းနည်းမှ မကျေနပ်ဘူး
Baek..မင်းကိုလည်းတစ်ခါတည်း
ပြောထားမယ်နော်
လုံးဝဇာတ်လမ်းသွားမစနဲ့
အကြည့်နဲ့အထာမပေးနဲ့
အဲဒီကောင်က လုံးဝ လုံးဝ
လူမိုက် အော့ကြောလန်ကျနော် ဒေါနဲ့မောနဲ့ပြောနေတဲ့
Kyungsooကို ကြည့်ပြီး
အသာကျိတ်ပြုံးလိုက်တယ်
တစ်နေ့က ကိစ္စ အတွက်
မခံမရပ်နိုင် ဖြစ်နေတဲ့
Kyungsoo ဒီနေ့ထိဒေါသက
မပြေသေး အခုပြန်ပြော
အခုဒေါသထွက်တုန်းပဲအခုလည်း ဘူဆန်ကအပြန်လမ်းပေါ်မှာ
သူ့အကြောင်းကို သတိတရ
ထပြောပြီး ဒေါသတေ
စွတ်ကြီးနေတာမင်းကို စာမေးတုန်းက
သူပြောပြတာပဲလေ sooရဲ့
ကျောင်းသားချင်းချင်းပဲဟာ
စိတ်မဆိုးပါနဲ့အောင်မယ်
Byunbaek မင်းက
သူ့ဘက်ကပါနေတာလား
ဟုတ်လားKyungsoo ကကားကို
ရှေ့ကြည့်မမောင်းဘဲ
ဒေါသတကြီးလှည့်မေးနေတယ်
ဒါမျိုးဆိုအလွန်ကြောက်တတ်သော
ကျနော့်မှာ ကမန်းကတန်း
သတိပေးရတယ်Soo yarr ရှေ့ကြည့်မောင်းပါကွာနော်
ငါတို့နှစ်ယောက်လုံး
နတ်ပြည်ကို ဒါရိုက်ရောက်နေပါဦးမယ်ကျနော့်အပြောကြောင့်
Kyungsooက မျက်စောင်းတစ်ချက်
ထိုးကာ ရှေ့ကိုပြန်လှည့်သွားတယ်
ဒါတောင် ပါးစပ်က ပွစိပွစိနဲ့
ဆီမန်း မန်းနေတုန်းပတ်ဝန်းကျင် ကိုကြည့်လိုက်တော့
မှောင်နေပြီ ကျနော့်မှာ
အိမ်သာအမြန်ပြန်ရောက်ချင်နေပြီ
Kyungsooရဲ့. ကိစ္စ တစ်ခုကြောင့်
အဖော်လိုက်ပေးတာကနေ
မထင်မှတ်ဘဲ ကြာနေလို့
Ommaတို့ စိတ်ပူမှာကို
ကျနော် စိုးရိမ်လို့နေတယ်အဲ့အချိန်မှာပဲ ကံကြမ္မာ က
ရက်စက်လွန်းတယ်
Kyungsoo ကားလမ်းမ
ရှင်းရှင်းမှာ မောင်းကောင်းကောင်းနဲ့
မောင်းနေတုန်း ကာဘီးက
ဒိန်းခနဲ ပေါက်သွားတာ
ကျနော့်ဆိုတာလေ လန့်လွန်းလို့
မပြူးတဲ့မျက်လုံး ပြူးထွက်သွားရတယ်
YOU ARE READING
ပန်းတစ်ပွင့်၏ မူပိုင်ရာသီဥတု
Fanfictionကြိုပြောထားပါရစေနော် ဒီficကနော်ရမ်းကြိုက်တဲ့ စာအုပ်ကို copyယူပြီး ပြန်ရေးထားတာပါလို့ Normalကိုyaoi ပြောင်းရေးထားတာမို့လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ Chanbaekကို အားကြီးချစ်လွန်းလို့ပါ