*17*

2.2K 279 33
                                    

သူ​လေးက ကား​ပေါ်က​နေကို
ဆင်းမလာ​သေး အဲ့​တော့လည်း
မ​နေနိုင်​တဲ့ကျ​နော်​က တစ်​ချက်​ပြုံးကာ ရင်​ထဲမှ စွဲ​နေခဲ့​သော နံပါတ်​တချို့ကို နှိပ်​​ခေါ်လိုက်​​တော့တယ်

သူ​လေးကချက်​ချင်းပဲ ပြန်​ထူး​ပုံ​ထောက်​ သူလည်းဒီဖုန်းကို အသုံးပြု​တော့မယ်​ထင်​ပါရဲ့ ကျ​နော့်​ဆီဆက်​မယ်​လို့ပဲ ​တွေးပါရ​စေ
မဆက်​​တောင်​မှ​ပေါ့

..hello

..ကိုယ်​ပါ parkchanyeolပါ
Baek

..ဟင်​...ခင်​ဗျားလား

..ဟုတ်​ပါတယ်​ဗျ ကိုယ်​ပါ
ခေါင်းက​တော့ မပါဘူး

..အာ.....ခင်​ဗျားကလည်း
အ​ရေးထဲ လာ​မ​နောက်​နဲ့

..အ​ရေးထဲဆို​တော့ အရာ​ပေါ်​နေလို့လား

ကျ​နော့်​စကားကို သူက
စိတ်​ရှုပ်​သည့်​ကြားမှ ရယ်​ချင်​သွားပုံရတယ်​ ခင်​ဗျားကလည်း​နော်​ လို့ရယ်​သံစွက်​စွက်​နဲ့​ပြောပြီး ​နောက်​ ချက်​ချင်းငြိမ်​ကျသွားပြန်​တယ်

..baek ဘာဖြစ်​​နေတာလဲ

..ဟို....baek​လေ

..​ပြောပါ....ဘာဖြစ်​​နေတာလဲ
ကား​မောင်း​နေလို့လား

..အာ...ကားမ​မောင်းပါဘူး
ဟို......ကား...ပျက်​​နေတာ

..ဪအိမ်​မှာလား ဒါဆို
ဒီ​နေ့​ကျောင်းမတက်​ဖြစ်​ဘူး​ပေါ့

..မဟုတ်​ပါဘူး baekလမ်းမှာ
ကားပျက်​​နေတာပါ

သူ့အသံ​လေးက စိတ်​ပျက်​လက်​ပျက်
ဖြစ်​​နေပုံဖြင့်​ ညည်းညည်းညူညူ​လေးဖြစ်​​နေသည်​ ကျ​နော်​က ဒီအသံ​လေးကိုပဲ မြတ်​နိုးခြင်းများစွာဖြင့်​ တစ်​ချက်​ပြုံးကာ.. ...

..ဒီ​တော့...မင်းဘာလုပ်​မယ်
စိတ်​ကူးထားလဲ

..မသိပါဘူး....အိမ်​မှာကလည်း
Appaနဲ့ driver arjushiက
ခရီးထွက်​သွားတယ်​ sooကလည်း
ဒီ​နှေ့ ​ကျောင်းလာမှာမဟုတ်​ဘူး

..ကားက ဘာဖြစ်​တာလဲ

..မသိပါဘူးဆို
မောင်း​နေရင်း ထိုးရပ်​သွားတာ

..မင်းက ကားစက်​အဖုံး​လေးဘာ​လေး
ဖွင့်​မကြည့်​ဘူးလား

ပန်းတစ်​ပွင့်​၏ မူပိုင်​ရာသီဥတုWhere stories live. Discover now