*16*

2.2K 273 10
                                    

ကျ​နော်​ဟာ ညအိပ်​ချိန်
ဘယ်​​လောက်​ပဲ​နောက်​ကျ​နောက်​ကျ
မနက်​၇နာရီမှာ အမြဲတမ်းပုံမှန်
နိုးတတ်​သူ ၇နာရီဆို​သောအချိန်​က
နံနက်​ခင်းရဲ့အရသာ မကုန်​​သေး​သော
အချိန်​မို့ ကျ​နော့်​အတွက်
နိုးထရတာ အမြဲတမ်း လန်းဆန်း​နေတယ်

ကျ​နော်​​နေထိုင်​​သော ကွန်​ဒိုအထပ်
အမြင့်​ကြီး​ပေါ်က​နေ အ​ဝေးကို
လှမ်း​မျှော်​ကြည့်​ရတာကို အကြိုက်​ဆုံး

မှန်​ပြတင်းအကျယ်​ကြီးက​နေ
Seoulမြို့ရဲ့ မနက်​ခင်းအလှကို
ကြည့်​မယ်​ ပြီးရင်​breakfastတွက်
ကျ​နော်​ကိုယ်​တိုင်​ပြင်​ဆင်​မယ်

အဲဒီလို ပြင်​ဆင်​ရတိုင်း အရင်​က​တော့
ကျ​နော်​အမြဲတမ်း နာကျင်​ပင်​ပန်းခဲ့ရတယ်
အခါများစွာက ကျ​နော်​စားဖို့
Breakfast ကို ​ommaက
ပြင်​ဆင်​​ပေးခဲ့တာ အခု​တော့
Ommaကကျ​နော့်​အစား
ချစ်​​ယောက်ျားနဲ့ ၀မ်းမနာသားကို
ပြုံးပန်းတ​ဝေ​ဝေနဲ့ ပြင်​ဆင်​​ပေး​နေလိမ့်​မည်​လို့ ကျ​နော်​​တွေးမိတိုင်း အမြဲခံစားခဲ့ရတယ်

Ommaလက်​ရာ စပါယ်​ရှယ်​ထမင်းဝိုင်းနဲ့ ​ဝေးခဲ့ချိန်​ကစပြီး​တော့ ကျ​နော်​အစားအ​သောက်​ကို ​ချေးမများတတ်​​တော့ ကိုယ့်​ဘာသာ လုပ်​တတ်​ကိုင်​တတ်​ရှိလာခဲ့ပြီ

ကျ​နော်​အိမ်​ခွဲ​နေမယ်​ဆိုတုန်းက
Ommaက အစားအ​သောက်
ဆင်းရဲ မည်​ကိုအ​ကြောင်းပြကာ
တားမြစ်​ခဲ့​သေးတယ်​ ကျ​နော်​က

..​အောက်​မှ  mart ကြီး
တစ်​ခုလုံးရှိ​နေတာပဲomma
ထမင်းငတ်​မ​သေပါဘူး တစ်​သက်​လုံး
ငတ်​လာတဲ့ omma​ယောက်ျားနဲ့
သားအသစ်​ကိုသာ
ဂရုစိုက်​​ကျွေး​မွေးလိုက်​ပါ

လို့​ပြောခဲ့တာ မှတ်​မိ​သေးတယ်
အဲဒီတုန်းက ommaက
အံတင်းတင်းကြိတ်​ကာ
ကျ​နော့်​ကိုစိုက်​ကြည့်​​နေခဲ့တယ်

ကျွတ်​........သွားစမ်းကွာ
ဆက်​မ​တွေးချင်​​တော့တာနဲ့
ခေါင်းကိုယမ်းကာ အ​တွေးဆိုး​တေကို
မောင်းထုတ်​ပစ်​လိုက်​တယ်
နောက်​ ​ကော်​ဖီ တစ်​ခွက်​​ဖျော်​ကာ​ပေါင်​မုန်းတစ်​ချက်​နဲ့ ကျ​နော့်​ရဲ့မနက်​စာက ပြီးသွားခဲ့တယ်

ပန်းတစ်​ပွင့်​၏ မူပိုင်​ရာသီဥတုWhere stories live. Discover now