:ခင်.... ခင်ဗျား...
ဟုတ်ပါသည်
ကျနော်အမြင်မမှားဘူးဆိုရင်
ကျနော့်ရှေ့က လူက
Park Chanyeolမှ
Park Chanyeolစစ်စစ်သူက ကျနော့်ကိုကြည့်ကာ
ဆတ်ကနဲပြုံးပြသည်
အဲဒီအပြုံးသည် ကမ္ဘာပေါ်တွင်
ဘယ်လိုစွမ်းအားများ စုပုံနေသလဲတော့
မပြောတတ် ခုနကရှိနေတဲ့
ကြောက်စိတ်တေ လန့်စိတ်တွေကို
ချက်ချင်း ပျောက်ကွယ်သွားစေတဲ့
အပြုံးမျိုးSupermanတစ်ယောက်
ရောက်လာသလို အရာအားလုံး
ပြီးပြည့်စုံသွားသည့် ခံစားမှုအတွက်
ကျနော့်ကို ကျနော် နောက်မှ
စစ်ဆေးရပါဦးမည်:ကိုယ့်ကို မှတ်မိတယ် မဟုတ်လား
ကဲ....မင်းတို့ဘာအခက်အခဲဖြစ်နေလဲ
ပြောပြ...ကိုယ်ကူညီမယ်:soo
ကျနော်က Kyungsoo ကို
အခုမှသတိရကာ အလန့်တကြား
ခေါ်လိုက်တော့ Kyungsoo က
လောကကြီးကို စိတ်ကုန်နေသောရုပ်နဲ့
သူ့လက်ထဲသို့ ဂွ တစ်ချောင်း
ထိုးထည့်ပေးကာ:ရှေ့ဘီး ပေါက်နေတယ်
ကြည့်ကျက်သာ လုပ်ပေတော့Kyungsoo ရဲ့ ဘောက်ဆတ်ဆတ်
အပြောကြောင့် သူများစိတ်ခုသွားမလား
လို့ စိုးရိမ်မိသောကျနော်က
သူ့မျက်နှာကို မရဲတရဲကြည့်လိုက်တော့
သူကဘာမှမဖြစ်သောပုံစံနဲ့
ပခုံးတစ်ချက်တွန့်ကာ
Kyungsoo လှမ်းပေးသော ခွကိုယူကာ
ကျနော်တို့နှစ်ယောက်လုံးကို
ဝေ့၀ဲကြည့်ပြီး:ဘီးဖြုတ်တာ ဘီးလဲတပ်တာ
အလွန်ဆုံးကြာရင် မိနစ်နှစ်ဆယ်လောက်
မင်းတို့အိမ်တေက စိတ်ပူနေလိမ့်မယ်
ကိုယ့်ကားကိုယူသွားလေ
မနက်ဖြန် ကျောင်းကျမှ
ကားပြန်လဲလို့ရတာပဲ:ဩော်......မဟုတ်တာ
ရပါတယ် ကျနော်တို့ စောင့်ပါ့မယ်ဒီလိုတော့လည်းအားနာနေပုံရတဲ့
Kyungsooကပဲ ၀င်ပြောသည်:ဘာလဲ.....ကိုယ့်ကို မယုံလို့လား
ကားတစ်စီး လုံး ပေးလိုက်မှာပါ
YOU ARE READING
ပန်းတစ်ပွင့်၏ မူပိုင်ရာသီဥတု
Fanfictionကြိုပြောထားပါရစေနော် ဒီficကနော်ရမ်းကြိုက်တဲ့ စာအုပ်ကို copyယူပြီး ပြန်ရေးထားတာပါလို့ Normalကိုyaoi ပြောင်းရေးထားတာမို့လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ Chanbaekကို အားကြီးချစ်လွန်းလို့ပါ