♡ Part 6 ♡

3.2K 378 28
                                    

မျက်နှာပေါ်ကို နေရောင်လာထိုးနေတာကြောင့် kyung soo မျက်လုံးကို အားယူပြီး ဖွင့်ကြည့် လိုက်သည် စစချင်းမြင်လိုက်​ရတဲ့ မြင်​ကွင်း​ ​ကြောင့်​ လန့်​ပြီး မ​အော်​မိ​အောင်​ ပါးစပ်​ကို အမြန်​ပိတ်​လိုက်​ရသည်​ ​ဘေးမှာအိပ်​​နေတဲ့ kai အသက်​ရှုလိုက်တိုင်း ​​kyung soo မျက်​နှာ​ပေါ် ​လေ​ငွေ့နွေးနွေးလေးတွေ ရိုက်ခတ်နေသည် အထိ နီးကပ်လွန်းနေသည် သူကြည့်နေတုန်း မျက်လုံးအစုံက ဖျတ်ခနဲပွင့် လာတော့ လန့်သွားသည်

" ဘာလို့စိုက်ကြည့်နေတာလဲ "

kai အမေးကြောင့် သူစိုက်ကြည့်နေမိမှန်း သတိ ထားမိသည်

"ငါက အ့လောက် ဆွဲဆောင်မှု ရှိလွန်းနေလား"

ခပ်ရွဲ့ရွဲ့ အပြုံးနဲ့ အတူ မေးလိုက်တဲ့ kai စကား ကြောင့် kyungsoo ထူပူလာသည် ပါးတွေ တောင်ရဲလာသလိုလို ...

" မ... မကြည့်ပါဘူး "

kai က တကယ်လား မယုံဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည် kyung soo လည်း ဆက်မနေ ချင်တော့တာနဲ့ အိပ်ယာထဲက မြန်မြန်ထွက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည် bath ထဲကို ရေဖြည့်ထားလိုက်သည်

အပြင်ကို ပြန်ထွက်လိုက်တော့ kai ကို အခန်း ထဲမှာ မတွေ့ ... ထွက်ပြေးရမလား သူတွေးနေ တုန်း kai ပြန်ဝင်လာသည် ugh ! ထားလိုက်ပါ တော့ နောက်မှပေါ့ ... အသံကြားတော့ kai က စိုက်ကြည့်နေသည် kai စိုက်ကြည့်နေတာကို လန့်လာတာနဲ့ ကုတင်ဘေးက tower အမြန် ယူလိုက်ပြီး ရေချိုးခန်းထဲ ပြန်ဝင်လာလိုက်သည်

bubble လေးဖြစ်အောင်လုပ်ပြီး bath ထဲ ဝင်စိမ်နေလိုက်သည် ခပ်နွေးနွေးရေလေးနဲ့ စိမ်လိုက်တော့ ပင်ပန်းသမျှတွေ ပြေပြောက် သွားသည် အခုမှ လန်းဆန်းသွားတယ် မျက်လုံးမှိတ်ပြီး ပင်ပန်းတာတွေ ဖြေနေတုန်း တံခါးဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက် သည်

"k ... kai ? "

ရုတ်တရက် ဝင်လာတဲ့ kai ကြောင့် ယောင်ယမ်းပြီး လက်ကအလိုလို bubble အမြုပ်တွေ ကို ကိုယ့်ဘက်စုမိသား ဖြစ်သွားသည် kai က သဘောကျဟန်နဲ့ ပြုံးကြည့်နေသည်

" ဘာလာလုပ်တာလဲ "

" ရေချိုးခန်းထဲ ဝင်သွားတာ ကြာပြီလေ ခုထိပြန် ထွက်မလာသေးလို့ မင်းထွက်ပြေးသွားပြီ ထင်လို့ လိုက်ကြည့်တာ "

Prominent of Love [Completed]Where stories live. Discover now