" Kyungsoo ထထ သွားမယ် "
သူအိပ်နေတုန်း ရုတ်တရက်လာနှိုးတဲ့ Jongin ကြောင့် အိပ်မှုန်စုံဝါးနဲ့ ငုတ်တုပ်ထိုင်မိသည်။ ဟမ် ဘာဖြစ်လို့ပါလိမ့် ? ဘာအရေးကြီး ကိစ္စရှိလို့လဲ
" Jongin ဘာဖြစ်လို့လဲ? "
အခန်းထဲမှာ သူတို့အ၀တ်တွေကို အိတ်တလုံးထဲ ရုတ်တရက်ထည့်နေတဲ့ Jongin ကို လိုက်ကြည့်နေမိသည်။ ဘာတွေပြာယာခတ်နေတာလဲ။ ရဲတွေလာလို့လား?
"jongin"
ဒီတခါခေါ်တော့မှ လှည့်ကြည့်လာသည်။ Kyungsoo ရဲ့ ကြောက်နေတဲ့ မျက်ဝန်းတွေကို မြင်တော့မှ လုပ်နေတာတွေ ရပ်ပီး ချက်ချင်းဘေးနားရောက်လာသည်။
"ဘာမှမကြောက်နဲ့ Kyungsoo ငါရှိတယ်"
ပါးနှစ်ဖက်ပေါ်က Jongin ရဲ့ ပူနွေးနွေး လက်ဖ၀ါးတွေကြောင့် ပိုမှီချမိသည်။
" အ့တာဆို ဘာလို့ ပစ္စည်းတွေသိမ်းနေတာလဲ? "
သူ့အမေးက Jongin က ပြုံးပြသည်။ သူတို့နှစ်ယောက်ရဲ့ အချိန်တွေကို ရပ်ထားချင်မိတာ အမှန်ပါ။
" ဟိုတခေါက်ကမေးတာ မှတ်မိသေးလား? ထွက်ပြေးကြမလား ဆိုတဲ့မေးခွန်းလေ"
မေးတာကို ခပ်တွေတွေလေး စဉ်းစားနေပီးမှ ခေါင်းငြိမ့်ပြတဲ့ Kyungsoo က တအားချစ်ဖို့ကောင်းလွန်းနေတာမို့ သူရင်ခွင်ထဲ ဆွဲသွင်းမိသည်။
" ငါတို့ထွက်ပြေးကြမယ် kyungsoo"
ဘာကြောင့်လဲ ဘာလို့လဲ မမေးမိ။ Kai ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ အကြောင်းရာတခုခုရှိနေတာ သိသည်။ Kai ကအမြဲ သူတို့နှစ်ယောက် လုံခြုံရေးကို ဦးစားပေးတဲ့ ဒုက္ခရောက်မှာ မဟုတ်မှန်းသိလို့ ချက်ချင်းခေါင်းငြိမ့်ပြမိသည်။
" ဟုတ်ပီ အ့တာဆို အခုပြင်လိုက်တော့ အခုချက်ချင်း ထွက်မယ် "
Kai ကို နမ်းပီး ရေချိုးခန်းထဲ အမြန်ဝင်သွားလိုက်သည်။
********
သူတို့ အိမ်ရှေ့ကို ထွက်လာတော့ baekhyun နဲ့ Luhan ရပ်စောင့်နေတာ တွေ့လိုက်သည်။
" အကုန်အဆင်သင့်ဖြစ်ပီလား?"
Baek အမေးကို Kai ပြန်ဖြေပေမယ့်.. Kyungsooရဲ့ အကြည့်တွေက မျက်စိရှေ့က ကားနှစ်စီးဆီသာ ရောက်နေသည်။ သူတို့်အကုန်လုံး တူတူသွားမှာ မဟုတ်ဘူးလား?