မနေ့အဖြစ်အပျက်ကြောင့် Kai ကိုရှောင်နေမိတာကြာပြီ ... တအိမ်ထဲနေတော့ ဘယ်လိုမှရှောင်လွှဲလို့မရပေမယ့် အတတ်နိုင် ဆုံးမျက်နှာချင်းဆိုင် မတွေ့မိအောင် ကြိုးစားပမ်းစားရှောင်နေမိတာ...အခုလဲတစ် ယောက်ကို ရှောင်နေတာ နောက်တစ်ယောက် နဲ့တည့်တည့်တိုးနေတယ်
"kyungsoo ဟုတ်တယ်နော်"
ထမင်းစားခန်းထဲရေလာသောက်တုန်း မုန့်စားနေတဲ့သူက လှမ်းမေးတော့ခေါင်းငြိမ့် ပြလိုက်သည်
"ကြည့်ရတာစကားနည်းမယ့်ပုံပဲ"
ထင်လို့ပါ ကိုယ့်ဟာကိုစိတ်ထဲတွေးလိုက်မိပေ မယ့် အပြင်မှာတော့ပြုံးရုံပဲပြုံးပြမိသည် ရေသောက်ပီးလို့ ပြန်ထွက်မယ်လုပ်တော့ ထိုင်နေရာအမြန်ထလာပီး kyungsoo ရှေ့ လာရပ်တော့လန့်သွားသည်
" kyungsoo ya မင်းလွှတ်အောင်ငါကူညီ ပေးရမလား"
ကြားလိုက်ရတဲ့စကားကြောင့် သမင်မျက်လုံး ညိုညိုတွေထဲကို စိတ်ဝင်တစားစိုက်ကြည့်နေ မိသည် ခပ်သွက်သွက်ခေါင်းငြိမ့်ပြမိတော့ luhan က ခပ်တိုးတိုးပြောသည်
"ငါပြောပြမယ် ဒီကနေ....."
အကြည့်ချင်းဆုံနေတဲ့ကြားကို လက်တဖက် ဖြတ်ဝင်လာတော့ နှစ်ယောက်လုံးနောက်ကို ဆုတ်လိုက်သည်
" အ့တာ ဘာလုပ်နေကျတာလဲ"
သူလက်ထဲကရေဘူးကို မော့သောက်ချင် ယောင်ဆောင်ရင်း luhan ကိုလှမ်းကြည့် တော့ လည်ဂုတ်တပွတ်ပွတ်နဲ့ ဟိုဘက်လှည့် နေသည် မျက်လုံးအကြည့်တွေက တစ်ပတ်ပြန်လည်သွားတော့ ရေသီးပြီးနှုတ်ခမ်းနဲ့ရေဘူးနဲ့ရိုက်မိသည်
"kyungsoo"
"ဘာမှမဟုတ်ဘူး ဒီတိုင်းပဲစကားပြောနေကျ တာ"
ခပ်သွက်သွက်ခေါင်းညိမ့်ပြပြီး ထွက်ပြေးသွား တဲ့ luhan ကိုကြည့်ပြီး kai က သူ့ဘက်ပြန် လှည့်လာသည် သူ့အဖြစ်က ရေခဲသေတ္တာနား မှာ ကုပ်ကုပ်လေးရပ်လို့ ... သွေးစို့သွားတဲ့ သူ့နှုတ်ခမ်းပေါ်က နူးညံ့တဲ့အထိအတွေ့ ကြောင့်လက်ထဲက ရေဘူးဗုန်းခနဲအောက်ကို လွှတ်ကျသွားသလို ခဏတာအသက်ရှုမေ့သွား သည်
"မနေ့ကမင်းကိုချစ်တယ်ပြောတာ မင်းကိုခွင့်တောင်းတာမဟုတ်ဘူး အသိပေးတာ မင်းငါ့ကိုချစ်ချစ်မချစ်ချစ် ငါ့ချစ်သူဖြစ်နေပီ ဒါပဲ"