နှစ်ရက် .....
Kai ပြောသလိုဘာမဆို လုပ်ပေးပါ့မယ်လို့ ကတိပေးထားတာ နှစ်ရက်မြောက်တဲ့နေ့ ....
ခုထိတော့ Kai ဆီက ဘာမှပြောသံမကြားလို့ အခန်းထဲမှာပဲ ငြိမ်နေရသည် ဟုတ်ရဲ့လားလို့ တောင်တွေးမိသည် သူသိသလောက်ဆိုရင် အ့လိုပြောထဲက မဟုတ်တာအကုန်ခိုင်းနေ လောက်ပြီ ..ငြိမ်နေတာကိုက တမျိုးထူးဆန်း နေသည်
အခန်းထဲမှာ တစ်ယောက်ထဲ တနေကုန်နေနေ ရတော့ တခုခုလိုနေသလိုဖြစ်လာသည် အရင်က သူ့အိမ်မှာဆိုရင် ဒီချိန်တခုမဟုတ် တခု အလုပ်လုပ်နေကြ .. ခြံထဲလမ်းလျှောက် လို့ရမလားလို့ kai ကိုခွင့်တောင်းကြည့်ဖို့ အတွေးနဲ့ အခန်းထဲက ထွက်လာခဲ့သည်
" Kai ? "
ဘယ်သွားနေပြန်ပြီလဲမသိဘူး ပြန်ဖြေသံ မကြားပြန်ဘူး တစ်အိမ်ထဲရှိနေတာတောင် တခါတလေ အရိပ်အယောင်တောင် ရှာမတွေ့ အောင် ပျောက်နေတတ်သည် သူကိုယ်ယောင် ဖျောက်တတ်လား ?
" ဘာလုပ်နေတာလဲ "
ကိုယ့်အတွေးနဲ့ကိုယ်မို့ ရုတ်တရက်ဆိုတော့ မကြားလိုက် .. တောက်ခနဲ မြည်သံအတူ နဖူးဆီက နာလာတာကြောင့် လက်နဲ့အသာဖိ ပြီးမော့ကြည့်မိသည်
"um ? ငါခြံထဲ ခဏဆင်းလို့ရမလား "
" ဘာလုပ်ဖို့လဲ "
" အခန်းထဲမှာပဲ တနေကုန်ဆိုတော့ ... ထွက်လို့ရမလားဟင် ? "
kai ကအပြင်ကိုကြည့်ကာ ခဏကြာစဉ်းစားနေ ပြီးမှ ခေါင်းညိမ့်ပြသည်
" ခဏပဲရမယ် "
" အင်း အင်း "
ရယ်ပြီးပြေးထွက်သွားတဲ့ kyungsoo ကိုကြည့်ပြီး Kai ကြောင်ပြီး ကျန်ခဲ့သည် သူနဲ့စတွေ့ထဲက kyungsoo ပြုံးတာ တခါမှမမြင်ဘူးပဲ အခု ရုတ်တရက် တွေ့လိုက်တော့ ဘာဖြစ်သွားမှန်း တောင် မသိလိုက် ..
"အပြင်ခဏထွက်ခွင့်ရတာကို အ့လောက် ပျော်နေရလား "
အီလည်လည်ခံစားချက် ကြီးကို လျစ်လျူရှုပြီး အခန်းထဲပြန်ဝင်သွားလိုက်သည်
*********ဒီနေရာက သဘာဝအတိုင်း ဖြစ်နေတော့ တော်တော်သဘောကျနေသည် တခုပဲ ပြန်ပေးဆွဲခံလာရတာ မဟုတ်ရင် ဒီနေရာမှာ တသက်လုံးနေချင်တာ .. မြို့ပြအငွေ့အသက် နဲ့ကင်းဝေးတဲ့နေရာ ..ဟူး အခုတော့ အ့လိုဝေးနေလို့ပဲ ဘယ်လိုထွက်ပြေးရမှန်းမသိ တာ အိမ်ဘက်ဆီကို တချက်လှည့်ကြည့်မိ တော့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတဲ့ Kai ကို တွေ့လိုက်သည်