သူဘယ်ရောက်နေတာလဲ
နိုးနိုးချင်းခေါင်းထဲဝင်လာတဲ့ ပထမဆုံး အတွေးတစ်ခု ... မျက်လုံးဖွင့်ကြည့်မိတော့ အနက်ရောင်မျက်နှာကြက်အစား ဖုန်တွေနဲ့ဖုံးအုပ်နေတဲ့ အဖြူညစ်ရောင် မျက်နှာကြက်က သူ့ကိုကြိုဆိုနေသည်
ပြောင်ရှင်းရှင်းနံရံနေရာမှာ သူ့ငယ်ဘဝ ကပုံလေးတွေ ချိတ်ဆွဲထားတဲ့အဝါရောင် နံရံကသူ့ကိုနှုတ်ဆက်နေသည် ကုတင်ဘေးက ပြတင်းပေါက်အပြင်ဘက် ကိုလှမ်းကြည့်လိုက်တော့ မြင်နေကျဖြူစင် တဲ့ ကောင်းကင်ပြာနေရာမှာ အုံ့မှိုင်းမှိုင်း သစ်ရွက်စိမ်းတို့က နေရာယူနေသည်
အတွေးနဲ့အတူသိလိုက်ရတဲ့ အမှန်တရားတစ်ခုက သူလွတ်မြောက် လာခဲ့ပြီဆိုတာပဲ လှဲနေတဲ့အိပ်ယာပေါ် ကနေထပြီး တိတ်ဆိတ်လွန်းနေတဲ့ အိမ်ထဲကိုလှည့်ပတ်ကြည့်လိုက်သည် ...
သူနေခဲ့ဖူးတဲ့အိမ်က အခုချိန်မှာ သူ့အတွက်တော့ သူစိမ်းဆန်လွန်းနေ သည် အခန်းထဲကထွက်လာတဲ့ ခြေလှမ်း တွေက အိမ်မှာမရှိတဲ့ လှေကားကနေ အောက်ထပ်ဆင်းတာကို အသားကျနေပြီ ယိုင်နဲ့နဲ့ခြေလှမ်းကိုအားပြုရင်း ထမင်းစားခန်းထဲဝင်ကာ ခြောက်ကပ်နေ တဲ့လည်ချောင်းကို သက်သာသွားအောင် ရေသောက်လိုက်သည်
"kyungsoo နိုးနေပြီလား"
အိမ်ရှေ့တံခါးပွင့်သံနဲ့အတူ ပြုံးနေတဲ့ baekhyun ဝင်လာတာတွေ့လိုက်သည်
"ငါဘယ်လိုပြန်ရောက်နေတာလဲ"
"ငါခေါ်လာတာပေါ့"
" မှန်မှန်ပြော ငါမေ့နေတာဘယ်နှရက်ရှိ ပြီလဲ"
"နှစ်ရက်"
ဘုရားရေ အ့လောက်တောင် .. ငါ့ကို သုံးလိုက်တာ ဆင်ကိုထိုးတဲ့မေ့ဆေးနဲ့ မှားသုံးလိုက်သလား
"ပြန်သွားမယ်"
သူထပ်မလှမ်းနိုင်ခင် baekhyun က ချက်ချင်းရှေ့မှာပိတ်ရပ်နေသည် သာမန်နဲ့မတူတဲ့ baekhyun မျက်နှာက အေးစက်မှုတွေနဲ့ပြည့်လို့ ....
" မသွားရဘူး ဒီအချိန်ဘယ်လောက် အန္တရာယ်များလဲမင်းသိလား "
"မသိဘူး သိလဲမသိချင်ဘူး jongin ဘယ်မှာလဲ"
" မင်းအခုချိန်သူ့ဆီသွားရင် နှစ်ယောက်လုံးဒုက္ခရောက်လိမ့်မယ် "